ရန်ကုန်၊ ဒီဇင်ဘာ ၁၃
အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “တကယ်တမ်း စဥ်းစားကြည့်ရင်
ကျွန်ပြုတဲ့ ကောင်က တော်နေလို့ မဟုတ်ဘူး။ ကျွန်ခံရတဲ့သူတွေကိုယ်တိုင်က ပျော်နေကြတာ” စာတန်း ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။