36 C
Yangon

ယင်းမာပင်တွင် ကျေးလက်သူပုန် သပိတ် စစ်ကြောင်း စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

ယင်းမာပင်မြို့နယ်တွင် ကျေးလက် သူပုန် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ဆားလင်းကြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ရွာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပြည်သူ လူထုတို့ ပါဝင်ပူးပေါင်းပြီး စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေး ယနေ့ နံနက်ပိုင်းတွင် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ချီတက် ဆန္ဒပြပွဲတွင် “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ”၊ “ယုံကြည်ချက်ကိုကြိုးမိန့်ပေး၍မရ” စာတန်းများ ကိုင်ဆောင်ကာ လူအင်အား အမြောက်အများဖြင့် ပြုလုပ်ခဲ့ပြီး “ငါတို့တော်လှန်စိတ်ဟာ စစ်ဖိနပ်အောက်ဘယ်တော့မှ ရောက်မှာမဟုတ်”၊ “တော်လှန်ရေးရဲ့အဆုံးအဖြတ်ဟာ လူထုမှတပါးအခြားမရှိ” စသည့် ကြွေးကြော်သံများလည်း ကြွေးကြော်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article