33 C
Yangon

နေပြည်တော်နှင့် မန္တလေးတွင် စစ်ကောင်စီ တပ်သားများကို မြို့ပြ UG အဖွဲ့များ ပစ်ခတ် တိုက်ခိုက်မှု ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် စစ်ဆေးရေး လုပ်ဆောင်နေသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ်တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံးကြောင်း Black Spider Guerrilla Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာ ၁၅ ရက်နေ့ နံနက် ၅ နာရီတွင် ပုဗ္ဗသီရိမြို့နယ်၊ ခရေပင်လမ်းခွဲအနီး ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်း လမ်းဟောင်းဘေးရှိ စစ်ဆေးရေး လုပ်ဆောင်နေသော အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ရဲနှင့် ယာဉ်ထိန်းရဲများကို Black Spider Guerrilla Force အဖွဲ့မှ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Black Spider Guerrilla Force အဖွဲ့မှ ရဲဘော်နှစ်ဦးဖြစ်သည့် ရဲဘော်အောင်ကျော်နှင့် ရဲမြွေပွေးတို့မှ 9mm ပစ္စတိုနှစ်လက်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ရဲ ၂ ဦး ကျည် ၄ ချက်ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Black Spider Guerrilla Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ မန္တလေးမြို့ ပြည်ကြီးတံခွန် မြို့နယ်ရှိ အဆင့်မြင့် ရဲးစခန်းဂိတ်ကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးကြောင်း NGU:FF မြေခွေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၄ နာရီ ၁၁ မိနစ်အချိန်တွင် ပြည်ကြီးတံခွန် မြို့နယ် ၆၂ လမ်း၊ ၁၁၄ x ၁၁၅ လမ်းကြားရှိ ပြည်ကြီးတံခွန် အဆင့်မြင့် ရဲစခန်းဂိတ်ပေါက်ကို NGU:FF မြေခွေးတပ်ဖွဲ့က လက်ပစ်ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို NGU:FF မြေခွေးတပ်ဖွဲ့နှင့် မဟာမိတ်များဖြစ်သည့် Anonymous Force MDY, VOMDY – Front Warrior ၊ Truth Kepping Force တို့မှ ပူးပေါင်း‌ ဆောင်ရွက်ခဲ့ပြီး တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးကြောင်း NGU:FF မြေခွေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

Photo – Reuters

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article