38 C
Yangon

ထီးလင်းတွင် ဒဏ်ရာရ စစ်ကြောင်းမှူး သေဆုံး၊ ရေဦးတွင်လည်း ဒဏ်ရာရ စစ်အရာရှိကို ရဟတ် ယာဉ်ဖြင့် သယ်ယူ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ညောင်ဟောင်းကျေးရွာအနီး ဒီဇင်ဘာလ ၁၄ ရက် မွန်းလွဲ ၂ နာရီခန့်က ကတိုက်ပွဲတွင် ဒဏ်ရာရသွားသော အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူးသည် အောင်းမြောက်ရွာဘုန်းကြီးကျောင်း၌ ဆေးကုသမှုခံယူနေစဉ် ညပိုင်းက သေဆုံး သွားကြောင်း ယော အလင်းတန်းထံမှ သိရသည်။

“ဗျူဟာကောင်းလှပါတယ်ဆိုတဲ့ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ ကနေ အသစ်ရောက်လာတဲ့ စစ်ကြောင်းမှူး ငမူး ယမန်နေ့က ယောတော်လှန်ရေးတပ် YRA ရဲ့လက်ချက်နဲ့ အောင်းမြောက်ရွာဘုန်းကြီးကျောင်းမှာ ဆေးကုသမှုခံယူရင်း သေဆုံးသွားပြီလို့ သိရပါတယ်။ အလောင်းကို ဘယ်မှာ သင်္ဂြိုလ်မယ်ဆိုတာ မသိရ သေးသလို စစ်ကြောင်းနဲ့ တစ်ခါတည်းသယ်သွားသလားဆိုတာ အတည်ပြုဆဲဖြစ်ပါတယ်” ဟု ယော အလင်းတန်းက ပြောဆိုသည်။

ယခင်စစ်ကြောင်းမှူးသည်လည်း နိုဝင်ဘာလ ၁ ရက်နေ့က ထီးလင်းမြို့နယ်၊ ပါမျဉ်းရွာတိုက်ပွဲတွင် သေဆုံးသွားခဲ့ကြောင်း၊ ထို့ကြောင်းယခုစစ်ကြောင်းမှူးကို အစားထိုးကာ ထီးလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလှုပ်ရှားနေခြင်းဖြစ်ကြောင်း ဖြစ်သိရသည်။

စစ်ကြောင်းမှူးသေဆုံးပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ယနေ့ ဒီဇင်ဘာလ ၁၅လနံနက်ပိုင်းက အောင်းရွာမှ ထွက်ခွာပြီး သရခါရွာကို ရောက်ရှိနေကြောင်း၊ ဘုန်းကြီး ကျောင်းနှင့် လူနေအိမ်များတွင် တပ်စွဲစခန်းချထားကာ ထီးလင်းမြို့အထိ ညတွင်းချင်းဆုတ်ခွာနိုင်ကြောင်း ယော အလင်းတန်းက အသိပေးထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရေဦးမြို့ရှိ ဘောလုံးကွင်းအတွင်းသို့ ယနေ့ ဒီဇင်ဘာလ ၁၅ ရက် နေ့လည် ပိုင်းက ရဟတ် ယာဉ်တစ်စီးဆင်းသက်ကာ အကြမ်းဖက်စစ်ကောင်စီတပ်မှ အရာရှိကြီးတစ်ဦးအပါအဝင် ဒဏ်ရာရ စစ်သားများကို သယ်ဆောင်သွားကြောင်း Khin U- Dynamite Squad ထံမှ သိရသည်။

ရေဦးမြို့နယ်အနောက်ခြမ်းရှိ မုတ်စီ၊ ရွာမိသာ၊ ကုန်းသာ၊ ချမ်းသာ၊ ရွာသစ်ရွာများကို ဒီဇင်ဘာ ၁၁ ရက် နေ့မှ ၁၅ အတွင်း လှည့်ပတ်မီး ရှို့ နေသော အကြမ်းဖက်စစ်သားများကို ဒေသကာကွယ်ရေး တပ်ဖွဲ့များ က တိုက်ခိုက်ခဲ့ရာ သေဆုံးဒဏ်ရာရရှိမှုများပြားခဲ့ပြီး သံသည်ရွာမှ တဆင့် ရေဦးမြို့ရှိတပ်ထဲအတွင်း မှ အကြမ်းဖက်စစ်ကားတစ်စီးဖြင့် သယ်ဆောင်သွားကာ Mi 17 ရဟတ်ယာဉ်ဖြင့် မုံရွာမြို့ရှိ နမခတပ် အ တွင်းသို့ သယ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

“ရေဦးကနေစစ်ခွေးတွေ အပြည်သယ်လာတဲ့ကားက သံသည်ရွာမှာချထားခဲ့ပြီးတော့ အဲဒီကနေ ဒဏ်ရာ ရ စစ်ခွေးတွေကို တင်ပြီးပြန်တာ၊ အဲဒီချထားခဲ့တဲ့ စစ်ခွေးတွေက အခုကညနေပိုင်းမှာ သံသည်ရွာကို မီးစရှို့နေပြီ။ ဒဏ်ရာရစစ်ခွေးတွေထဲမှာ အကောင်ကြီးကြီး အမြီးရှည်ရှည်တစ်ကောင်ပါတယ်၊ ရေဦး ဘောလုံးကွင်းထဲကို ရဟတ်ယာဉ်ဆင်းပြီး ခွေးသေခွေးနာတွေနဲ့အတူ သယ်သွားတာ”ဟု Khin U- Dynamite Squad က ပြောကြားသည်။

ယင်းရဟတ်ယာဉ်ဖြင့်ပင် စစ်ကိုင်းမြို့ရှိ တပ်မ ၃၃ မှ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို လက် နက်ခဲယမ်းများနှင့်အတူ ချထားပေးခဲ့ကြောင်း၊ ယင်း အကြမ်းဖက်စစ်သားများမှာ ကားဖြင့် သံသည်ရွာ ဘက်သို့ ပြန်ထွက်လာကာ သံသည်ရွာကို မီးရှို့ဖျက်ဆီးနေကြောင်း၊ ရေဦးမြို့နယ်အနောက်ခြမ်းရှိကျေး ရွာများနှင့်မြောက်ဘက်ခြမ်းရှိကျေးရွာများကို ထပ်မံစစ်ကြောင်းထိုးဝင်ရောက်နိုင်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article