32 C
Yangon

သရက်ချောင်းတွင် မင်းအောင်လှိုင်ရုပ် ပြောင်ပုံဆွဲ၍ စစ်အာဏာရှင် ဆန့်ကျင် ရေး ဆန္ဒပြထားမှုကို လာဖျက်သည့် စစ်ကြောင်း မိုင်းဆွဲခံရ ၊ ပလက်ဝတွင် စစ်တပ် ဂိတ်စခန်းကို CDF ဝင်တိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြိုနယ်၊ သရက်နှစ်ခွရွာနှင့် သင်းကျွန်း ရွာကြား တွင် ယနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းအချိန် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ပုံကို ရုပ်ပြောင်ဆွဲ၍ စစ် အာဏာ ရှင် ဆန့်ကျင်ရေး ဆန္ဒပြထားမှု ကို ဖျက် ဆီးရန် လာရောက်သော အကြမ်းဖက် စစ်ကားငယ်တစ်စီးမိုင်းဆွဲခံရ၍ ထိခိုက်သေဆုံး မှုရှိကြောင်း Dawei Information Center က ပြောသည်။

မင်းအောင်လှိုင် ရုပ်ပြောင်ဖြင့် ဆန္ဒပြထားမှုကို ဖျက်ဆီးရန် ထားဝယ်မြို့ဘက်မှ အကြမ်းဖက်စစ်သား ၁၀ ဦးကျော်ခန့် လိုက်ပါလာသည့် စစ်ကားကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လမ်းမလယ်မှာ မအလရဲ့ပုံတူကိုဆွဲပြီး တပ်ပျက်နေပြီလို့ သပိတ်အဖွဲ့က ရေး သားထားခဲ့တယ်။ ပုံလာ ဖျက်တဲ့ စကစတွေကားပေါ်မှ ဆင်းတာ နဲ့ကျ နော် တို့ က ဖောက်ခွဲပြီး ပြန်ဆုတ်ခွာလာခဲ့တာပါ”ဟု ပြည်သူ့ကာကွယ် ရေးတပ် ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ညပိုင်းကလည်း သရက်ချောင်းမြို့နယ်မှ ထား ဝယ် မြို့ရှိ တပ်ရင်း ၂၅ သို့ သွားရောက်ပြီး ပြန်လည်လာသောသော အကြမ်း ဖက်စစ်သားများကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိ ခိုက်သေဆုံးမှု ရှိနိုင် ကြောင်း သိရသည်။

ထားဝယ်-ပုလောကားလမ်းမပေါ်တွင် စစ်ရေးတင်းမာနေပြီး ပြည်သူများ အနေ ဖြင့် အကြမ်းဖက်စစ် ကောင်စီယာဉ်တန်းများနှင့် ကပ်လိုက်ခြင်း မပြုရန်နှင့် ညပိုင်းခရီးသွားလာခြင်းမပြုကြရန် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များက မေတ္တာ ရပ်ခံ အသိပေးထားသည်။

အလားတူ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ပလက်ဝ-မတူပီနယ်စပ်ရှိ ဘွေလီ စစ်ကောင်စီဂိတ်စခန်းကို ဒီဇင်ဘာလ ၁၆ ရက်နံနက် ၇ နာရီခန့်က CDF ပလက်၀ တပ်ဖွဲ့က ဝင်တိုက်ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း CDF Paletwa ကပြောသည်။

အဆိုပါ ဂိတ်စခန်းသည် စစ်တပ်က ဖွင့်လှစ်ထားသော ဂိတ်စခန်းဖြစ်ပြီး Chinland Defense Force – Paletwa တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်း၊ အကြမ်း ဖက်စစ်သား ၂ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း၊ CDF – Paletwa ဘက်မှ အထိအခိုက် မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်က တိုက်ခိုက်ခံရသော စစ်တပ် ဂိတ်စခန်းအနီးရှိ ဘွေလီ ကျေးရွာနှင့် တွီဆော့ကုန်းကျေးရွာများ အတွင်းသို့ လက် နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပြည်သူများမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်း ရှောင် နေရကြောင်း CDF Paletwa ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ- သရက်ချောင်းတွင် လမ်းပေါ် မင်းအောင်လှိုင်ရုပ်ပြောင်ပုံတူဆွဲ၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြထားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article