36 C
Yangon

ဒီပဲယင်း၊ ညောင်လှရွာကို စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်သောကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ရေဦးမြို့နယ်၊ မူးသာကုန်းမှ ဒီပဲယင်းမြို့နယ်၊ ညောင်လှရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်သည် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ပြည်သူများ နေထိုင်သည့် ညောင်လှရွာကို အကြောင်းမဲ့ ပစ်ခတ်ခဲ့ပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဘာတိုက်ပွဲမှမရှိပါဘူး။ ရေဦးနယ် ရွာသာလေး၊ ကုက္ကိုစုဘက်ကနေ လက်နက်ကြီးဆင်ပြီး လှမ်းထုတာပါ။ သူတို့လက်နက်ဆင်တဲ့အနီးအနားက ရွာတွေကိုလည်း ဘာအဖမ်းအဆီးမှမရှိပါဘူး။ သပ်သပ်ကို လာပစ်တာပါ။ ပြည်သူ ၄ ဦး လက်နက်ကြီး ထိမှန်ထားပါတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article