28 C
Yangon

ကုလအထွေထွေညီလာခံတွင် တရုတ်၊ ရုရှားတို့က ကန့်ကွက်ခြင်း မရှိဘဲ သံ အမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ် စားလှယ်အဖြစ် ဆက်လက် တရားဝင် အတည်ပြု

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်တွင် ပြုလုပ်သော ဒီဇင်ဘာလ ၁၆ ရက် နေ့ ကုလသမဂ္ဂမျက်နှာစုံညီ အထွေ ထွေညီလာခံတွင် တရုတ်၊ ရုရှား တို့က ကန့်ကွက်မှုမရှိဘဲ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် အဖြစ် ဆက်လက် အတည်ပြုလိုက်ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ တွင် ကုလသမဂ္ဂမျက်နှာစုံညီအထွေထွေညီလာခံတွင် တရုတ်နှင့်ရုရှား အပါအဝင် မည်သည့် နိုင်ငံကမှ ကန့်ကွက်ခြင်းမရှိဘဲ ကုလ သမဂ္ဂ အရည်အချင်းစိစစ်ရေးကော်မတီ၏ ဆုံးဖြတ်ချက်အတိုင်း စစ်ကောင်စီ ၏ သံအမတ်အသစ် အဆိုပြုလွှာကို ဆုံးဖြတ်ခြင်းမပြုဘဲ ရွှေ့ဆိုင်းကာ သံ အ မတ် ကြီး ဦးကျော်မိုးထွန်းကို ဆက်လက် တရားဝင် အတည်ပြု ခြင်းဖြစ် ကြောင်း သိရှိရသည်။

“ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေးမှာ Credential Committee ရဲ့ အစီရင်ခံစာကို ကျနော်တို့ တူညီဆန္ဒနဲ့ မဲမခွဲဘဲ အတည်ပြု ပါတယ်။ ဒီလို အတည်ပြုလိုက်တဲ့အတွက်ကြောင့် ကျနော်တို့ ကုလသမဂ္ဂ ဆိုင် ရာ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ် မနှစ်ကလိုပဲပေါ့နော်။ ဒီနှစ်ဆိုရင် တော့ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂညီလာခံမှာ မြန်မာနိုင်ငံကိုယ်စား ပြုပြီး တော့ အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ ဆောင်ရွက်ရမယ့် လမ်းစဉ်တွေကို ဆက်လက် ဆောင်ရွက်သွားနိုင်မှာဖြစ်တယ်။ အမြဲတမ်း ကိုယ်စားလှယ်တစ်ယောက်နဲ့ မြန်မာနိုင်ငံအကျိုး၊ မြန်မာပြည်သူတွေရဲ့ အကျိုးကို မြန်မာပြည်သူတွေရဲ့ အသံ မြန်မာ ပြည်သူတွေရဲ့ ဆန္ဒကို နိုင်ငံတကာက သိအောင် မနှစ်ကလိုပဲ ဒီနှစ်မှာလည်း ကုလသမဂ္ဂမျက်နှာစာကနေ တစ်ဆင့် နိုင်ငံတကာကို သိရှိဖို့ အတွက် ဆက်လက်ပြီးတော့ အသံတွေကို ဆက်လက် အသိပေးသွားနိုင်မယ်။ မြန်မာနိုင်ငံ မြန်မာပြည်သူတွေ အကျိုးအတွက် အမြဲတမ်းကိုယ်စားလှယ် တစ်ယောက် အနေနဲ့ လုပ်နိုင်မယ့် ဥစ္စာတွေကို ဆက်လက်က ဆောင်ရွက်သွား နိုင်မှာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ အခုလိုမျိုး ကုလသမဂ္ဂ အထွေထွေ ညီလာခံ က ကော်မတီရဲ့ အစီရင်ခံစာကို အတည်ပြုပေးတာကို လည်း ကျေးဇူး တင်ပါတယ်။ မြန်မာနိုင်ငံ မြန်မာပြည်သူတွေ မြန်မာနိုင်ငံအကျိုး အတွက် တာဝန်တွေကို ဆက်လက် ထမ်းဆောင်သွားဖို့ ရှိပါမယ်ဆိုတာကို လည်း တင်ပြ လိုပါတယ်” ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက PVTV မှ တစ်ဆင့် ပြည်သူ များကို အသိပေး ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီကမူ ကုလသမဂ္ဂသည် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို ဆက်လက် အတည်ပြုခြင်းဖြင့် အကြမ်းဖက်မှုများကို အားပေးနေကြောင်း ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့သည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၂ နှစ်အတွင်း နိုင်ငံတကာ ၏ အသိအမှတ်ပြု မရရှိဘဲ အာဆီယံတွင်လည်း အစည်းအဝေး တက်ခွင့် ပိတ်ပင်ခံ ထားရသည်။

ကုလသမဂ္ဂတွင်လည်း စစ်ကောင်စီ ကိုယ်စားပြု စေလွှတ် ထားသော သံ အမတ် မှာ အသိအမှတ်ပြုခံရခြင်းမရှိဘဲ NUG ကိုယ်စားပြု သံအမတ်ကြီး ဦးကျော် မိုးထွန်းကသာ မြန်မာနိုင်ငံကို ဆက်လက် ကိုယ်စားပြုခွင့် ရရှိနေခြင်း ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article