33 C
Yangon

ကော့သောင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမောင်ဌေး အကျင့်ပျက်ခြစားပြီး အနိုင်ကျင့် ဗိုလ်ကျ မှုများ ကျူးလွန်၊ တရားမဝင် ရွှေတူးဖော်ရေးနှင့် သယံဇာတများ ခိုးထုတ်မှုများတွင် ပါဝင်ပတ်သက်

Must read

ကော့သောင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမောင်ဌေး အကျင့်ပျက်ခြစားပြီး အနိုင်ကျင့် ဗိုလ်ကျ မှုများ ကျူးလွန်၊ တရားမဝင် ရွှေတူးဖော်ရေးနှင့် သယံဇာတများ ခိုးထုတ်မှုများတွင် ပါဝင်ပတ်သက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမောင်ဌေးက လာဘ်ယူမှုများ၊ အနိုင် ကျင့်ဗိုလ်ကျမှုများ ကျူးလွန်နေပြီး တရားမဝင် ရွှေတူးဖော်ရေးနှင့် သယံဇာတများ ခိုးထုတ်မှု များတွင် ပါဝင် ပတ်သက်နေကြောင်း ကော့သောင်းအခြေစိုက် သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ကော့သောင်းမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ဗိုလ်မှူးမောင်ဌေးကို ခန့်အပ်ထားရာတွင် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ဝင် ရာထူး၊ စစ်ဘက်ရာထူးများဖြင့် အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးစလုံးတွင် လာ်ယူမှုများ၊ အကျင့်ပျက်ခြစားမှု၊ အနိုင်ကျင့်ဗိုလ်ကျမှုများ ကျူးလွန် နေကြောင်း၊ အထူးသဖြင့် စီးပွားရေးသမားများနှင့် ပူးပေါင်း၍ ရွှေတူးဖော်ရေးလုပ်ငန်းများကို တရားမဝင် ခွင့်ပြုခြင်း၊ သယံဇာတများ ခိုးထုတ်ခြင်းများတွင် အကြီးအကျယ် ပါဝင်ပတ်သက် နေကြောင်း သိရှိရသည်။

ဗိုလ်မှူးမောင်ဌေးက လာဘ်ငွေယူ၍ ကော့သောင်းမြို့နယ် စူငယ်ဘာလိုင်းကျေးရွာအုပ်စု အောင်ဘာ ကျေးရွာ နှင့် ကျွန်းကန့်လန့် အကြား နေရာ၊ ဝါးကျွန်းနေရာ အနီးတစ်ဝိုက် မြစ်ကြောင်း၊ ပင်လယ် ဘက်တွင် တရားမဝင် ရွှေတူးဖော်မှုများ၊ သတ္တုတူးဖော်မှုများကို ခွင့်ပြုထားကြောင်း သိရှိရသည်။

ထိုသို့ တရားမဝင် ရွှေတူးဖော်မှုသူများအနေဖြင့် သက်ဆိုင်ရာ စစ်ဒေသနှင့် မြို့နယ် အုပ်ချုပ် ရေးစစ် ကောင်စီထံသို့ ဗိုလ်မှူးမောင်ဌေးမှတစ်ဆင့် မှ ရွှေဖောင် ၁ ဖောင်လျှင် ပထမဦးဆုံး ဆက်ကြေး ၁၅ သိန်း ပေးဆောင်ရပြီး လစဉ်ကြေး ၈ သိန်း ပေးဆောင်ကာ တရားမဝင် ရွှေနှင့်သတ္တုတူးဖော်မှုများ လုပ်ကိုင်ခွင့်ရကြောင်း၊ ဗိုလ်မှူးမောင်ဌေး ၏ ခွင့်ပြုချက်ဖြင့် ၂၀၂၂ ခုနှစ် ဇွန် လမှ စတင်လုပ် ကိုင်ခွင့်ရရှိခဲ့ကြကြောင်း သိရှိရသည်။

ထို့ပြင် ဗိုလ်မှူးမောင်ဌေးက သက်ဆိုင်ရာ ခွင့်ပြုချက်ဖြင့် လည်ပတ်လုပ်ကိုင်နေသော စီးပွားရေး လုပ်ငန်း များကို ခေါ်ယူ ခြိမ်းခြောက်၍ ငွေကြေးတောင်းခံခြင်း၊ ဆက်ကြေးသဘောမျိုး ငွေတောင်း ယူခြင်း၊ သက်ဆိုင်ရာ၏ ခွင့်ပြုချက်ရှိသည့်တိုင် ငွေမပေးနိုင်သည့် စီးပွားရေးကုမ္ပဏီများကို ကော့ သောင်းမြို့နယ်အတွင်း လုပ်ငန်း လုပ်ခွင့်မပေးဟုဆိုကာ လုပ်ငန်းရပ်ဆိုင်းရန် ဖိအားပေးခြင်းစသည့် ဖိနှိပ်မှုများ လုပ်ဆောင်ကြောင်း၊ လုပ်ငန်းရှင်များကိုလည်း PDF ထောက် ပံ့ သည်ဟု အကြောင်း ပြချက်ဖြင့် ဒုက္ခပေးမည်ဟု မကြာခဏ ခြိမ်းခြောက်မှုများလည်း လုပ်ဆောင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article