28 C
Yangon

ဒီပဲယင်းမြို့နယ်၊ မကျီးစောက်ကျေးရွာကို စစ်တပ်က မီးတင်ရှို့

Must read

ဒီပဲယင်းမြို့နယ်၊ မကျီးစောက်ကျေးရွာကို စစ်တပ်က မီးတင်ရှို့

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ကြည်ရွာနှင့် ဘုရားထွက်ရွာကို ယမန်နေ့ မီးတင်ရှို့ ခဲ့သော စစ်တပ် စစ်ကြောင်းသည် ယနေ့တွင် မကျီးစောက်ကျေးရွာသို့ ဝင်ရောက်ပြီး ကျေးရွာကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ဒေသပြည်သူများက ပြောသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဒီပဲယင်းမြို့နယ်၊ ကြည်ရွာနှင့် ဘုရားထွက်ကျေး ရွာကို မီးရှို့ခဲ့သော စစ်ကြောင်းသည် ယနေ့တွင် မကျီးစောက်ကျေးရွာ အတွင်း သို့ ဝင်ရောက်သွားကြောင်း၊ ကျေးရွာအတွင်းသို့ ရောက်ရှိပြီးနောက် ယနေ့ ညနေ ၆ နာရီဝန်းကျင်တွင် ရွာကို မီးတင်ရှို့ခြင်းဖြစ်သည်ဟု သိရှိရသည်။

“မကျီးစောက်နဲ့ ကြည်ရွာဆိုတာက ကပ်လျက်ပဲ။ အဲဒါ စစ်ခွေးတွေက မကျီး စောက်ရွာထဲကို ညအိပ်ရပ်နားဖို့ ဝင်တယ်ထင်တယ်။ သူတို့မှာ လူနာတွေ လည်းပါတယ်။ ညနေပိုင်းမှာ မီးတင်ရှို့နေတယ်။ အသေးစိတ်တော့ ဘာမှ မသိရ သေးဘူး” ဟု အဖြူရောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်တပ်က ကြည်ရွာနှင့် ဘုရားထွက်ကျေးရွာကို မီးရှို့ပြီးနောက် ပြန်လည် ထွက်ခွာသော်လည်း ပြည်သူများမှာ ဆက်လက် တိမ်းရှောင်နေရဆဲဖြစ်ပြီး ကျေးရွာများအတွင်းသို့ မဝင်ရောက်နိုင်သေးကြောင်း၊ စစ်ကြောင်းသည် အနီး အနားပတ်ဝန်းကျင်တွင်သာရှိနေ၍ အချိန်မရွေး ပြန်လည် လှည့်လာ နိုင် ကြောင်း၊ ထို့ကြောင့် စစ်ဘေးရှောင် ပြည်သူ ရာပေါင်းများစွာမှာ တော တောင် ထဲတွင် ပုန်းအောင်းနေထိုင်ရသဖြင့် အရေးပေါ် အကူအညီများ လိုအပ် နေ ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ဓာတ်ပုံ- ယမန်နေ့ ဒီပဲယင်း ကြည်ရွာနှင့် ဘုရားထွက်ကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article