38 C
Yangon

သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို အမြန်ဆုံး လွှတ် ပေး ရန် တောင်းဆိုနေသည့်ကြားမှ စစ်ကောင်စီက တရားစွဲမည်ဟု ထုတ်ပြန်

Must read

သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို အမြန်ဆုံး လွှတ် ပေး ရန် တောင်းဆိုနေသည့်ကြားမှ စစ်ကောင်စီက တရားစွဲမည်ဟု ထုတ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူးနှင့် ဥက္ကဌ ဟောင်း ဖြစ်သော သိက္ခာတော်ရ ဆရာတော်ဒေါက်တာ ခလမ်ဆမ်ဆွန်ကို မတရား အသင်းအက်ဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေများဖြင့် အရေးယူမည်ဟု စစ်ကောင်စီ၏ သတင်းလူမှုကွန်ရက်စာမျက်နှာဖြစ်သော News of Myanmar က သတင်းထုတ်ပြန်သည်။

KIA ဗဟိုဌာနချုပ်လိုင်ဇာတွင် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်တို့ ပြုလုပ်သည့် အစည်းအဝေးတွင် တက်ရောက် ခဲ့ သဖြင့် မြစ်ကြီးနားရဲစခန်းက မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (က) ဖြင့် ဒီဇင်ဘာလ ၂၈ ရက်တွင် အမှုဖွင့်ထားပြီး အကြမ်းဖက်မှုတိုက်ဖျက် ရေး ဥပဒေ ဖြင့်ပါ ထပ်မံစွဲဆိုမည်ဟုစစ်တပ်ဘက်က သတင်းထုတ်ပြန်သည်။

ဆရာတော်ကို အမြန်ဆုံး လွှတ်ပေး ရန် လေးနက်စွာ တောင်းဆိုကြောင်း ကချင်ပြည်နယ် အရပ်ဘက် အဖွဲ့ အစည်း များက ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဒေါက်တာ ခလမ်ဆမ်ဆွန်သည် ဒီဇင်ဘာ ၅ ရက်နေ့တွင် ဆေးကုသရန် ပြည်ပ သို့ ထွက်ခွာစဉ် ပြည်တွင်းလေဆိပ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး လက်ရှိ အချိန် အထိ မည်သည့်အကြောင်းအရင်းကြောင့် မည်သည့်နေရာတွင် ဖမ်ဆီး ချုပ်နှောင် ထားသည်ကို မသိရှိရသေးကြောင်း ကြေညာချက်တွင် ဖော်ပြ ထားသည်။

ဒေါက်တာ ခလမ်ဆမ်ဆွန်သည် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများ ဖြစ် သည့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ပြည်သူ (IDPs) များကို လူမျိုး ဘာသာ ဂိုဏ်းဂဏမခွဲခြားဘဲ ကူညီကယ်ဆယ်ထောက်ပံ့ခဲ့ကာ စစ်ဘေး ရှောင် ပြည်သူများကို နေရပ်ပြန်နိုင်ရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့သူဖြစ်ပြီး ကိုဗစ် ၁၉ ရောဂါ ကူးစက်နှုန်း မြင့်မားချိန်များတွင်လည်း ကာကွယ်တားဆီးရေးနှင့် ကုသရေးစောင့်ရှောက်ရေးလုပ်ငန်းများကို တက်ကြွစွာ ဦးဆောင် ခဲ့သူ ဖြစ် ကြောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် လူမျိုးဘာသာပေါင်းစုံ ပူးပေါင်း ကာ လူမှုသဟဇာတဖြစ်ပေါ်စေရေးလုပ်ငန်းများကို စဉ်ဆက်မပျက် ကြိုးပမ်း လုပ်ဆောင်နေသူဖြစ်သည်။

လူသားအကျိုးပြုလုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်နေသော ခေါင်း ဆောင် တစ်ဦးကို ယခုကဲ့သို့ အကြောင်းမဲ့ ဖမ်းဆီးချုပ်နှောင်ထားသည်မှာ ဆုံးရှုံးမှုများစွာ ဖြစ်စေကြောင်း၊ ပြည်သူများအနေဖြင့် ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်၏ ကျန်းမာရေးအတွက် လွန်စွာစိုးရိမ်ပူပန်ကြကြောင်း ကြေညာ ချက်တွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article