37 C
Yangon

စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသည့် ကို ဗညားစိုးထက် နှင့်ကိုစစ်ဇော်ကံကို ထောင်ဒဏ် ၇၄ နှစ်၊ ကိုစိုင်းစည်သူကို ထောင်ဒဏ် ၄၄ နှစ် ၊ မဆောင်းဟေသာကို ထောင်ဒဏ် ၂၄ နှစ် အပါအဝင် ကျောင်းသားလူငယ် ၅ ဦးကို ထောင်ဒဏ်များချမှတ်

Must read

စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသည့် ကို ဗညားစိုးထက် နှင့်ကိုစစ်ဇော်ကံကို ထောင်ဒဏ် ၇၄ နှစ်၊ ကိုစိုင်းစည်သူကို ထောင်ဒဏ် ၄၄ နှစ် ၊ မဆောင်းဟေသာကို ထောင်ဒဏ် ၂၄ နှစ် အပါအဝင် ကျောင်းသားလူငယ် ၅ ဦးကို ထောင်ဒဏ်များချမှတ်

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

ရန်ကုန်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသည့် ကို ဗညားစိုးထက် နှင့်ကိုစစ်ဇော်ကံကို ထောင်ဒဏ် ၇၄ နှစ်၊ ကိုစိုင်းစည်သူကို ထောင်ဒဏ် ၄၄ နှစ်၊ မဆောင်းဟေသာကို ထောင်ဒဏ် ၂၄ နှစ် အပါအဝင် ကျောင်းသားလူငယ် ၅ ဦးကို ထောင်ဒဏ်များချမှတ် လိုက်ကြောင်း ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသားများ သမဂ္ဂထံမှ သိရသည်။

ဒီဇင်ဘာလ၂၉ ရက်နေ့တွင် စစ်ကောင်စီက ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်မှ ဘွဲ့ရကျောင်းသား (ရူပဗေဒအထူးပြု) ကို ဗညားစိုးထက် ကို အမှုနှစ်ခုအတွက် ထောင်ဒဏ် ၇၄ နှစ်၊ ဒဂုံတက္ကသိုလ် ကျောင်းသား ကိုစစ်ဇော်ကံ (ဓာတုဗေဒမေဂျာအထူးပြု အဝေးသင်ဒုတိယနှစ်) ကို ထောင်ဒဏ် ၇၄ နှစ်၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှ ဘွဲ့ရကျောင်းသူ မဖြိုးအိကျော် ကိုထောင်ဒဏ် ၇နှစ်၊ တိုက်ကြီးမြို့နယ်မှ ကိုစိုင်းစည်သူကို ထောင်ဒဏ် ၄၄ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှ မုံရွာစီးပွားရေးတက္ကသိုလ် ဂုဏ်ထူးတန်း ဒုတိယနှစ် ကျောင်းသူ မဆောင်းဟေသာကို အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ တရားရုံးများက ဒီဇင် ဘာလ ၂၈ ရက်နေ့တွင် တောင်ငူ ထောင်တွင်းတရားရုံးက ထောင်ဒဏ် ၂၄ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

မဆောင်းဟေသာနှင့် ၎င်း၏ ဖခင်ဖြစ်သူ ဦးတင်မင်းထွန်းကို ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၂၄ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ရေတာရှည်မြို့ရှိနေအိမ်တွင် လာရောက် ဖမ်းဆီး သွားပြီး ပုဒ်မ ၅၀ (ည)/ ၅၀ (ခ)တို့ ဖြင့်အမှုဖွင့်ခဲ့ကြောင်း၊ တောင်ငူထောင် ထောင်တွင်းတရားရုံးက မဆောင်းဟေသာကို ထောင် ဒဏ် များ အမိန့်ချမှတ်ခဲ့ကြောင်း၊ ၎င်း၏ ဖခင်ဖြစ်သူ ဦးတင်မင်းထွန်းသည် ပြန်လည်လွတ် မြောက်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ထောင်ဒဏ် ၂၄ နှစ်ချမှတ်ခံရသော မဆောင်းဟေသာကို နှင့် ထောင်ဒဏ် ၇၄ နှစ်ချမှတ်ခံရသော ကို ဗညားစိုးထက်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article