34 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဒီဇင်ဘာ ၃ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ -မန္တလေး၊ တောင်သာမြို့နယ်မှာရှိတဲ့ စစ်ကောင်စီခန့် အောင်သာကျေးရွာ အုပ်ချုပ်ရေးမှူး – သိန်းစိုး ဆိုသူကို နိုဝင်ဘာလ ၃၀ ရက်နေ့က PDF ပြောက်ကျား တပ်ဖွဲ့တွေကနေ ပစ်ခတ်ရှင်းလင်းရာမှာ သေသွားတယ်လို့ Natogyi Regional Defense Force-NRDF အဖွဲ့ဆီကနေ သိရပါတယ်။ – စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို ၊ ကျွဲဆွဲ အထက်တန်းကျောင်းအနီးကို ဆိုင်ကယ်စီးပြီး ထွက်လာတဲ့ လက်နက်ကိုင် ပျူစောထီး ၂ ဦးကို ဒီဇင်ဘာလ ၁ ရက်နေ့က ပြည်သူ့ကာကွယ်ရေး PDF ရဲဘော် တွေကနေ ပစ်ခတ်တိုက်ခိုက်ရာမှာ ပျူစောထီး ၂ ဦး စလုံးသေသွားတဲ့အပြင်၊ သူတို့ဆီက ကျည်ဘောက် နဲ့ ကျည်ဆန် တချို့ကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ PDFသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ – မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က ထိန်ပန်း – ကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၅ ဦးကို နိုဝင်ဘာလ ၂၈ ရက်နေ့က PDF တပ်ပေါင်းစုတွေကနေ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက် တာအပြင် ၊ ဝင်ရောက် ပစ်ခတ် တိုက်ခိုက်မှုပါပြုလုပ်ခဲ့တဲ့အတွက် ၁ နာရီကျော်ကြား ၂ ဖက်အပြန် အလှန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ MDY-PDF တပ်ဖွဲ့ဆီကနေ သိရပါတယ်။ – စစ်ကိုင်းတိုင်း ၊ ရွှေဘို-ဒီပဲယင်း-ရေဦး အစပ်မှာရှိတဲ့ ကျေးရွာတွေကို ဒီဇင်ဘာလ ၂ ရက်နေ့ ညနေပိုင်း က အကြမ်းဖက် စစ်ကောင်စီတပ်ကနေ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ကျေးရွာ ၁၀ ရွာကျော် က ပြည်သူအယောက် ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article