28.4 C
Yangon
- Advertisement -spot_img

ARCHIVE

Yearly Archives: 2022

စစ်အာဏာရှင်ကို ကြံ့ကြံ့ခံ တော်လှန်နေတဲ့ မန္တလေးပြည်သူများ၏ အသံတိတ် သပိတ်မွန်းလွဲပိုင်း မြင်ကွင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ မန္တလေးပြည်သူများက စစ်အာဏာရှင်ကို တော်လှန်တဲ့ အသံတိတ် သပိတ်မှာ ကြံ့ကြံ့ခံ ပါဝင်နေကြပါတယ်။ မွန်းလွဲ ၂ နာရီခွဲနီးပါးရှိလာသည်အထိ မန္တလေးမြို့ ယာဉ်အသွားအလာနဲ့ လူအသွားအလာ လုံး၀ မရှိသလောက်ကို နည်းပါးနေပါတယ်။ Photo - Simulation

စစ်ကိုင်း၊ ကနီနှင့် မုံရွာ-အမြင့်လမ်းတို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ် ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကိုင်းမြို့၊ ကနီမြို့နှင့် မုံရွာ-အမြင့်လမ်းတို့တွင် ယနေ့ ဖေဖော်ဝါရီလ ၁ရက်နေ့၌ စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

မူဆယ်မြို့ရှိ စစ်တပ်ပိုင် မြ၀တီဘဏ်ကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ပစ်ခတ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရှမ်းပြည်နယ်၊ မူဆယ်မြို့ရှိ စစ်တပ်ပိုင် မြ၀တီဘဏ်ကို ယမန်နေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ ညပိုင်းတွင် လက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ရောက် ပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ "မန်၀င်းပေါက်နားက မူဆယ် မြ၀တီဘဏ်ကို...

စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ရှမ်းပြည်နယ် ဟဲဟိုးမြို့များတွင်လည်း အသံတိတ်သပိတ်တွင် ပါဝင် ဆန္ဒပြ

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နှင့် ရှမ်းပြည်နယ် ဟဲဟိုမြို့များရှိ ဒေသခံပြည်သူများသည် ယနေ့ ဖေဖေါ်ဝါရီလ ၁ ရက် မတရားအာဏာသိမ်းမှု ၁ နှစ်ပြည့်နေ့တွင် စစ်အာဏာရှင်တော်လှန်ရေး အသံတိတ်သပိတ်တွင် ပါဝင်ဆင်နွှဲဆန္ဒပြကြသည်။

စစ်ကိုင်းတိုင်း ကောလင်းမြို့နှင့်ရေဦးမြို့တွင် ပြည်သူများ အသံတိတ် သပိတ်ပါဝင်နေချိန် ပြည်သူ့ကာကွယ်ရေးတပ်များက မြို့အဝင်အထွက်တွင် လုံခြုံရေး ယူ စစ်ဆေးမှုများ လုပ်ဆောင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ ပြည်သူများ အသံတိတ် သပိတ်တွင် ပါဝင်နေချိန် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်နှင့်ရေဦးမြို့နယ်တို့တွင် ပြည်သူ့ကာကွယ်ရေးတပ်များက မြို့အဝင်အထွက် လုံခြုံရေးယူ စစ်ဆေးမှုများ ဆောင်ရွက်ကြောင်း သိရှိရသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ ကောလင်းမြို့တွင် ကောလင်းပြည်သူကာကွယ်ရေးတပ်(ပကဖ)သည် ကောလင်းမြို့ အရှေ့ဘက်အထွက်...

စစ်တပ်မြို့ဟု ခေါ်တွင်ခံရသော ပြင်ဦးလွင်နှင့် လယ်ဝေးမှာပါ အသံတိတ် သပိတ်ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁အကြမ်းဖက် စစ်ကောင်စီ တပ်ရင်း၊ တပ်ဖွဲ့များ အများဆုံးတည်ရှိပြီ စစ်တပ်မြို့ဟု ခေါ်တွင်ခံရသော ပြင်ဦးလွင်နှင့် နေပြည်တော် လယ်ဝေးတို့တွင် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့၌ အသံတိတ် သပိတ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပူတာအို၊ ဆွမ်ပီယန်ကျေးရွာရှိ စစ်ကောင်စီစခန်းကုန်းကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့များ တပ်စွဲထားသည့် စခန်းကုန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တပ်ဖွဲ့က ယနေ့ နံနက် ၁၀ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့ကာ စခန်းကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သတင်းရရှိသည်။မြစ်ကြီးနား-ပူတာအို ကားလမ်းပေါ်ရှိ...

ကျောက်ပန်းတောင်းတွင် စစ်အာဏာရှင်ခေတ် ၂၀၀၂ နှင့် ၂၀၀၅ နှစ်သို့ ပြန်မသွားဟုဆိုကာ မိမိကိုယ်ကို မီးရှို့ ဆန္ဒပြ၊ အသက်အန္တရာယ်စိုးရိမ်ရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ကျောက်ပန်းတောင်းမြို့တွင် စစ်အာဏာရှင်ခေတ် ၂၀၀၂ နှင့် ၂၀၀၅ ခုနှစ်ကို ပြန်မသွားဟုဆိုကာ အမျိုးသားတစ်ဦးက မိမိကိုယ်ကို မီးရှို့ ဆန္ဒပြကြောင်း၊ လက်ရှိ အခြေအနေအရ အဆိုပါအမျိုးသားသည် ဆေးရုံတင်ပို့ထားသော်လည်း သေဆုံးဖွယ်ရှိကြောင်း ကျောက်ပန်းတောင်းဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ "ကျောက်ပန်းတောင်း၊ EPC ရုံးနားမှာ...

မြစ်ကြီးနားနှင့် နမ္မတီးမြို့ခံပြည်သူများ စစ်အာဏာရှင်တော်လှန်ရေး အသံတိတ်သပိတ်တွင် ပါဝင် ဆန္ဒပြ

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားနှင့် နမ္မတီးမြို့ရှိ ဒေသခံပြည်သူများသည် ယနေ့ ဖေဖေါ်ဝါရီလ ၁ ရက် မတရားအာဏာသိမ်းမှု ၁ နှစ်ပြည့်နေ့တွင် စစ်အာဏာရှင်တော်လှန်ရေး အသံတိတ်သပိတ်တွင် ပါဝင်ဆင်နွှဲဆန္ဒပြကြသည်။

ရန်ကုန်တိုင်း သုံးခွနှင့် ခရမ်းတို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ်ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ရန်ကုန်တိုင်း တောင်ပိုင်း သုံးခွမြို့နှင့် ခရမ်းမြို့တို့ တွင် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ်ပြုလုပ်နေကြောင်း သိရသည်။

Latest news

- Advertisement -spot_img