25 C
Yangon
- Advertisement -spot_img

ARCHIVE

Yearly Archives: 2022

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦး သေဆုံ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇မြန်မာနိုင်ငံတစ်ဝန်းတွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦး သေဆုံးကြောင်း ရန်ကုန်ခေတ်သစ်က စာရင်းကောက်ယူရရှိသည်။

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် သတင်းပေး ဟုသတ်မှတ်ခံထားရသူ ၅ ဦး အသတ်ခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် သတင်းပေး ဟုသတ်မှတ်ခံထားရသူများ အသတ်ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင် ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြိုနယ်၊ စံပြရပ်ကွက်၊စံပြ(၃)လမ်းနှင့် သံသုမာလမ်းထောင့်ရှိ အောင်နန်းသစ်လက်ဘက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်နေသော စစ်ကောင်စီခန့် ရာအိမ်မှူးမျိုးမြင့်သန်းကြွယ်ကို အနီးကပ်...

ဒီပဲယင်းတွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြပွဲကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ လိုက်ပါ ဝန်းရံ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ဒီပဲယင်းတွင် ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြပွဲကို Free Ranger ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များက လိုက်ပါ ဝန်းရံခဲ့ကြောင်း သိရသည်။

တောင်ကြီးဆေးတက္ကသိုလ်မှ ဆေးကျောင်းသားကို မိသားစုနှင့်အတူ ဖမ်းဆီးခံရ၊ နေပြည်တော်၊ နွားထိုးကြီးနှင့်ရေတာရှည်တို့တွင် ပြည်သူ ၅၈ ဦး အဖမ်းခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ ဆေးတက္ကသိုလ်(တောင်ကြီး)မှ ဒုတိယနှစ် ကျောင်းသား ''ကိုကောင်းချမ်းမြေ့သျှန် '' ကို မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နေအိမ်တွင် မိသားစုနှင့်အတူ ဖေဖော်ဝါရီ ၁၄ရက်နေ့ ညနေပိုင်း အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီးသွားကြောင်း သိရသည်။၎င်းနှင့်အတူ မိဘနှစ်ဦးနှင့် အဒေါ်ဖြစ်သူတစ်ဦးတို့ကိုပါ ဖမ်းဆီးသွားခဲ့ကြောင်းသိရပါသည်။“...

စစ်ကိုင်းနှင့် ချင်းပြည်နယ်ရှိ စစ်ကောင်စီစခန်းများကို CDF တပ်ဖွဲ့များဝင်ပစ်၊ စစ်သား ၇ ဦး သေဆုံး

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၆ စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဘက်ရှိ ရန်ကြီးအောင်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို CDF (ကလေး၊ ကဘော်၊ ဂန့်ဂေါ)နှင့် CDF ဟားခါး ပူးပေါင်းအဖွဲ့က ယနေ့ ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ ညနေ ၄ နာရီတွင် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၆...

စစ်ကိုင်းတွင် ပျက်ကျသည့် စစ်လေယာဉ်ပိုင်းလော့ ဗိုလ်ကြီးဟိန်းထက်အောင်ကို ယနေ့ သဂြိုလ်ပြီးစီး၊ မင်္ဂလာဆောင်ပြီး ၄ ရက်အကြာတွင် သေဆုံးဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ၊ ရေမျက်ကြီးအင်းတွင် ယနေ့ နံနက် ၁၀ နာရီ ၄၃ မိနစ်အချိန် ပျက်ကျသွားသည် စစ်တိုက်လေယာဉ်မှူး ဗိုလ်ကြီးဟိန်းထက်အောင်ကို ယနေ့ ညနေ ၄ နာရီတွင် သဂြိုလ်ပြီးစီးပြီဖြစ်ကြောင်း သတင်းရင်းများထံမှ သိရှိရသည်။ လေယာဉ်ပျက်ကျမှုကြောင့် အလောင်းကို...

မြိုင်တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ မြိုင်မြို့နယ် အခြေခံပညာ အထွေထွေသပိတ်ကော်မတီနှင့် ပြည်သူလူထုတို့ ပူးပေါင်းကာ ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ Photo - BEGSC-MYAING
00:02:38

မုံရွာတွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး အမျိုးသမီးများ ဦးဆောင်သည့် သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ(ရုပ်/သံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆မုံရွာတွင် လက်ပံတောင်းတောင် ဒေသခံပြည်သူများ ပါဝင်သည့် အမျိုးသမီး သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ https://youtu.be/tmN9a-7UBMc

တန့်ဆည်တွင် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေးချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆စစ်ကိုင်းတိုင်း တန့်ဆည်ရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများစုပေါင်း၍ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြချီတက်ခြင်းကို ယနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

ရန်ကုန်တွင် ဗကသ ကျောင်းသားများ ဦးဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး အိုးဝေစာစောင်များ လိုက်လံ ဖြန့်ဝေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ရန်ကုန်တွင် မဂ်လာဒုံမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ဗကသများအဖွဲ့ချုပ်နှင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ရတကသ) မှစီစဉ်ထုတ်ဝေသည့် အိုးဝေ စာစောင်များအား ပြည်သူများထံ လိုက်လံ...

Latest news

- Advertisement -spot_img