28 C
Yangon

ကရင်ပြည်နယ်၊ ခလယ်လထွီထူခရိုင် အတွင်းရှိ ပြည်သူ ၁ ဦးကို စစ်တပ်က စစ်ကြောရေးတွင် နှိပ်စက် သတ်ဖြတ်ပြီး ၂ ဦးကို အကြောင်းမဲ့ ဖမ်းဆီးထား

Must read

ကရင်ပြည်နယ်၊ ခလယ်လထွီထူခရိုင် အတွင်းရှိ ပြည်သူ ၁ ဦးကို စစ်တပ်က စစ်ကြောရေးတွင် နှိပ်စက် သတ်ဖြတ်ပြီး ၂ ဦးကို အကြောင်းမဲ့ ဖမ်းဆီးထား

ရန်ကုန်၊ ဇန်နဝါရီ ၂၈

ကရင်ပြည်နယ်၊ ခလယ်လထွီထူခရိုင် အတွင်းရှိ ပြည်သူ ၁ ဦးကို အကြမ်းဖက် စစ်တပ်က စစ်ကြောရေးတွင် နှိပ်စက် သတ်ဖြတ်ပြီး ၂ ဦးကို အကြောင်းမဲ့ ဖမ်းဆီးထားကြောင်း ကေအဲန်ယူ- ဗဟိုက ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စကစ-၂၀၇ တပ်ရင်းမှ KNU−ခလယ်လွီထူခရိုင်၊ ဆောထိမြို့နယ်၊ ဆိတ်ကလေးဆူးတောကျေးရွာမှ အသက် ၄၀ နှစ်အရွယ် ကိုကျော်ဇင်လတ် (ခ) ရှမ်းကြီးကို ဖမ်းဆီးပြီး စစ်ကြောရေးတွင် ၃ ရက်ကြာ စစ်ဆေးပြီးနောက် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် သိမ်ဇရပ် နာရေးကူညီမှုအသင်း ပရဟိတအား ခေါ်ယူပြီး ကိုကျော်ဇင်လတ် (ခ) ရှမ်းကြီး၏ ရုပ်အလောင်းကို မိသားစုဝင်ထံ ပြန်လည်ပို့ဆောင်ခိုင်းခဲ့ကြောင်း သိရသည်။

ကိုကျော်ဇင်လတ် (ခ) ရှမ်းကြီးကို အကြမ်းဖက် စစ်တပ်က ၃ ရက်ကြာ ဖမ်းဆီး စစ်ဆေးချိန်တွင် မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မပေးခဲ့ကြောင်း၊ ရုပ်အလောင်း ပြန်ရသည့်အချိန်မှသာ ရုပ်အလောင်းတွင် ပြင်းထန်သည့် ဒဏ်ရာ ဒဏ်ချက်များစွာကို တွေ့ရကြောင်း သိရှိရသည်။

ဖမ်းဆီး သတ်ဖြတ်ခံရသည့် ကိုကျော်ဇင်လတ် (ခ) ရှမ်းကြီးသည် ကယ်ရီလုပ်ငန်းဖြင့် အသက်မွေး ဝမ်းကြောင်းသူတစ်ဦးဖြစ်ကြောင်း၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် အိမ်မှထွက်ခွာပြီး ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ဘက်သို့ ကယ်ရီအဖြစ်လိုက်ပါသွားခဲ့ကြောင်း၊ ထိုသို့ လိုက်သွားစဉ် စကစ-၂၀၇ တပ်ရင်းရှေ့ရှိ ကွမ်းယာဆိုင်တွင် ကိုယ်ကျော်ဇင်လတ် (ခ) ရှမ်းကြီး၏ အသိ ကွမ်းယာရောင်းသူ အမျိုးသမီးတစ်ဦးနှင့် တွေ့ဆုံစဉ် ကွမ်းယာရောင်းသူအမျိုးသမီးတစ်ဦးက ပျောက်သွားသည့်သူမ၏ အမျိုးသားကို ကိုကျော်ဇင်လတ် (ခ) ရှမ်းကြီးက PDF ထံသို့ ခေါ်ဆောင်သွားသည်ဟု စွပ်စွဲပြောဆိုနေသည်ကို ကွမ်းယာဆိုင်တွင် ထိုင်နေသည့် စကစ-၂၀၇ တပ်ရင်းမှ တပ်မှူးက ကြားသွားပြီး ကိုကျော်ဇင်လတ် (ခ) ရှမ်းကြီးကို တပ်ရင်းထဲသို့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ၃ ရက်ကြာ ဖမ်းဆီးစစ်ဆေး နှိပ်စက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း KNU-ခလယ်လွီထူခရိုင်၊ ဆောထိမြို့နယ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ကေအဲန်ယူ-လယ်ဒိုမြို့နယ်၊ တုံးတံတား ကျေးရွာရှိ ပြည်သူ ၂ ဦးကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးသွားပြီး မည်သည့် အတွက်ကြောင့် ဖမ်းဆီးသည်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးခံရသူ ၂ ဦးမှာ အသက် ၃၅ နှစ်အရွယ် စောအယ်ထူးနှင့် အသက် ၃၀ အရွယ် စောပါချစ်တို့ဖြစ်ပြီး လက်ရှိချိန်ထိ ပြန်လည် လွတ်မြောက်လာခြင်းမရှိသေးကြောင်း ကေအဲန်ယူ- ဗဟိုက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article