34 C
Yangon

ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးရှိ ကျေးရွာများကို စစ်တပ်က လက်နက် ကြီး များဖြင့် ပစ် ခတ် ပြီး မီးရှို့ဖျက်ဆီး၊ ပြည်သူများ ထွက်ပြေးနေရ

Must read

ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးရှိ ကျေးရွာများကို စစ်တပ်က လက်နက် ကြီး များဖြင့် ပစ် ခတ် ပြီး မီးရှို့ဖျက်ဆီး၊ ပြည်သူများ ထွက်ပြေးနေရ

ရန်ကုန်၊ ဇန်နဝါရီ ၂၄

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးရှိ ကျေးရွာများကို စစ်တပ်က ယနေ့ ဝင်ရောက်စီးနင်းခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင် နေသဖြင့် ပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသ ပြည်သူများ က ရန်ကုန် ခေတ်သစ် သတင်းဌာန ထံသို့ ပြောဆိုကြသည်။

ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ ပတ်ဝန်းကျင်ရှိ ကမ်းနီ၊ မိဂလုံ၊ ကော့ကာ၊ ကော့ ကျိုက် ကျေးရွာများသို့ စစ်ကောင်စီတပ်များက ဝင်ရောက်လာပြီး ကျေး ရွာ များကို မီးတင်ရှို့နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဒေသပြည်သူတစ်ဦးကမူ “အခု ကျုံဒိုးကမ်းနီ တိုက်ပွဲဖြစ်နေတာ။ ညက တစ်ည လုံး လက်နက်ကြီးတွေပစ်တယ်။ အခုလည်း ပစ်နေတယ်”ဟု ရန်ကုန် ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ညပိုင်း ကျုံဒိုးမြို့ ကမ်းနီကျေးရွာအတွင်းရှိ နေအိမ်များအပေါ် လက် နက် ကြီးကျရောက် ပေါက် ကွဲ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ကျုံဒိုးမြို့၊ ကမ်းနီကျေးရွာကို စစ်တပ်ကမီးတင်ရှို့နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article