28 C
Yangon

ခင်ဦး၊ ရွာသစ်ရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၆ လုံး ပြာကျပြီး နွားများပါ မီးရှို့သတ်ဖြတ်၊ မအူပင်အရှေ့ရွာကိုလည်း စစ်တပ်က မီးတင်ရှို့နေ

Must read

ခင်ဦး၊ ရွာသစ်ရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၆ လုံး ပြာကျပြီး နွားများပါ မီးရှို့သတ်ဖြတ်၊ မအူပင်အရှေ့ရွာကိုလည်း စစ်တပ်က မီးတင်ရှို့နေ

ရန်ကုန်၊ ဇန်နဝါရီ ၂၈

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ရွာသစ်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၆ လုံး ပြာကျပြီး နွားများပါ မီးရှို့သတ်ဖြတ်သွားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ခင်ဦးမြို့နယ် ရေဦး-ညောင်ပင်သာ လမ်းပိုင်းရှိ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိသော ရွာသစ်ကျေးရွာကို အင်းပတ်ကွေ့ဈေးတန်းတွင် အထိုင်ချ တပ်စွဲထားသော စစ်သားနှင့် ပျူစောထီး ၃၀ ခန့်က ကျေးရွာအတွင်း သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်း မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် မီးရှို့မှုကြောင့် ရွာသစ်ကျေးရွာမှ ပြည်သူပိုင် နေအိမ် ၆ လုံးပြာကျခဲ့ပြီး လယ်ယာသုံး ခိုင်းနွား ၁ ကောင်ကို မီးရှို့သတ်ဖြတ်ကာ အကောင်ရေ ၂၀ ခန့် မီးလောင် ဒဏ်ရာများ ရရှိကာ လယ်ယာသုံး ခုတ်စက်များ၊ ရေစုပ်စက်များစွာကိုလည်း ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွာသစ်ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မွှေနှောက်ပြီး စားစရာများ၊ ကျောပိုးအိတ်များ၊ ဖုန်းများကို ခိုးယူသွားကြောင်း၊ စစ်တပ် စစ်ကြောင်း ရွာမှ ပြန်လည် ဆုတ်ခွာစဥ် အမျိုးသမီး ၄ ဦးထံမှ ဖုန်း-၄လုံးနှင့် ငွေသားများကိုပါ လုယက် ယူဆောင် သွားခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

အလားတူး စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မအူပင်အရှေ့ရွာကိုလည်း အကြမ်းဖက် စစ်တပ်က ယနေ့ ဇန်နဝါရီလ ၂၈ ရက်ျန့ မွန်းလွဲ ၁၂ နာရီ ၂၉ မိနစ်ခန့်စတင်ကာ ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေကာ လက်ရှိ ညပိုင်းအချိန်ထိ ကျေးရွာအတွင်း မီးလောင်လျက်ရှိကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article