33 C
Yangon

ချောင်းဦးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံး

Must read

ချောင်းဦးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၄

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံဆည်းရွာနှင့် တောကျောင်းလေးရွာ အကြားတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း We Must Win -ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၄ ရက် ညနေ ၂ နာရီ ၄၅ မိနစ်ခန့်က ကံဆည်း၊ ကင်းမွန်ထော်တို့တွင် တပ်စွဲထား သော အကြမ်းဖက်စစ်သားများသည် အင်အား ၂၀ ခန့်ဖြင့် အမြင့်တိုက်နယ်ဘက်သို့ကူးရန် ကံဆည်း ရွာမှ ထွက်ခွာလာစဉ် တိုက်မိုင်းမိပြီး အကြမ်းဖက်စစ်သားတစ်ဦးသေဆုံးကာ အပြန်အလှန်ပစ်ခတ် တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကံဆည်းရွာနဲ့ တောကျောင်းလေးရွာကြားမှာ တိုက်ပွဲဖြစ်တာ၊ ကံဆည်းနဲ့ ကင်းမွန်ထော်ပေါင်းပြီး အရင်က ခဏခဏ တောကျောင်းလေး၊ ကုန်းသာရွာကို မီးထွက်ရှို့နေကျ၊ မိုင်းကွင်းကာလိုက်တော့ မထွက်တာကြာပြီ။ အခုမှ အမြင့်မှာရှိတဲ့ ခွေးတပ်အားကိုးနဲ့ပြန်လှုပ်လာတာ၊ အရင်တုန်းကလည်း မိုင်း မိပြီး စစ်ခွေးတွေသေနေကြ၊ အလောင်းတွေသယ်သယ်သွားလို့ သေတာအတွင်းသတင်းအရပဲ သိရတာ။” ဟု We Must Win ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများ တိုက်မိုင်းမိပြီးနောက် အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့် ဖြစ်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများမှ သေဆုံးစစ်သားအလောင်းကို ဆွဲယူပြီး ကံ ဆည်းရွာအတွင်းသို့ ပြန်လည်ဆုတ်ပြေးသွားကြောင်း၊ လိုက်လံပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျန်စစ် သားများ ထိခိုက်ဒဏ်ရာရရှိမှုရှိနိုင်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို We Must Win – ပြောက်ကျားတပ်နှင့်အတူ မုံရွာခရိုင်တပ်ရင်း ၁၇၊ Aung Sun Force- ASF တပ်ခွဲ(၂) (မုံရွာခရိုင်တပ်ရင်း ၅) ၊ Chaung Local Defence Force တပ်ခွဲ(၄) လက်မရွံ့ (မုံရွာခရိုင်တပ်ရင်း ၁၂) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း We Must Win – ပြောက်ကျားတပ်ဖွဲ့ထံမှသိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article