33 C
Yangon

တမူးတွင် စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ရုံးကို မီးရှို့ဖျက်ဆီး

Must read

တမူးတွင် စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ရုံးကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်း၊ တမူးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ရုံးကို ယနေ့ ဇန်နဝါရီလ ၁၉ ရက် နံနက် ၁၀ နာရီခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ တာဝန်ခံ စင်္ကြာက ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲကို ကျင်းပရန် ရွေးကေက်ပွဲကော်မရှင်ကို အ တင်းအကြပ်ဖိအားပေးနေကြောင်း၊ ထို့ကြောင့် ယင်းရွေးကောက်ပွဲကို သတိပေးတားမြစ်သည့် အနေဖြင့် အတုအယောင်ရွေးကောက်ပွဲအတွက် ပြုစုထားသော စာရွက်စာတမ်းများထိန်းသိမ်းထားသည့် တမူးရွေး ကောက်ပွဲကော်မရှင်ရုံးကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကော်မရှင်ရုံးအား မီးရှို့ဖျက်ဆီးမှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ တမူးမြို့နှင့် ABSDF တပ်ရင်း ၅ (တမူး) တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နောက်နောင်တွင်လည်း အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲနှင့်ပတ်သက်ဆက်နွှယ်သော မည်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ အဆောက် အဦကို မဆို ပြင်းထန်စွာ အရေးယူ အပြစ်ပေးမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article