30 C
Yangon

ထားဝယ်၊ ရေဖြူနှင့် ရပ်စောက်တို့တွင် စစ်သား ၂၅ ဦးထက်မနည်း ထွက်ပြေးမှု ဖြစ်ပြီး အချင်းချင်း ပစ်ခတ်မှုများဖြစ်

Must read

ထားဝယ်၊ ရေဖြူနှင့် ရပ်စောက်တို့တွင် စစ်သား ၂၅ ဦးထက်မနည်း ထွက်ပြေးမှု ဖြစ်ပြီး အချင်းချင်း ပစ်ခတ်မှုများဖြစ်

ရန်ကုန်၊ ဇန်နဝါရီ ၁၀

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ရေဖြူမြို့နယ်နှင့် ရှမ်းပြည်နယ်၊ ရပ်စောက် မြို့ နယ်တို့တွင် စစ်သား ၂၅ ဦးထက်မနည်း ထွက်ပြေးမှုဖြစ်ပြီး အချင်းချင်း ပစ် ခတ် မှုများလည်းဖြစ်ပွားကြောင်း သိရှိရသည်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မဲချောင်းကျေးရွာအနီးရှိ ၈ မိုင်လမ်းဆုံဂိတ် တွင် ယမန်နေ့ ဇန်နဝါရီလ ၉ ရက်နေ့က စစ်သားအချင်းချင်း စကားများရန်ဖြစ် ပြီး ပစ်ခတ်ကြရာ စစ်သား ၁ ဦးထိခိုက်ဒဏ်ရာရရှိသွား ကြောင်း Dawei Information Center က ပြောသည်။

ဇန်နဝါရီလ ၉ ရက်နေ့ ည ၉ နာရီခွဲကျော်က ၎င်းဂိတ်ရှိ အရက်အတူတူ ထိုင် သောက် နေသော အကြမ်းဖက်စစ်သား အချင်းချင်း စကားများရန်ဖြစ်ကာ ပစ်ခတ်သံ ၇ ချက်ခန့်ကြားရကြောင်း၊ အော်ဟစ်ဆဲဆိုသံများလည်း ကြား ရကြောင်း၊ ညဉ့်နက်ပိုင်းတွင် ယင်းအကြမ်းဖက်စစ်တပ်ဂိတ်မှ လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၉ ရက် မွန်းလွဲ ၂ နာရီခန့်ကလည်း အကြမ်းဖက်စစ်သား များက ဥယျာဉ်ကြီးရွာဘက်သို့ သေနတ်ပြောင်းလှည့်ကာ ၅ ချက်ခန့် ဆက်တိုက်ပစ်ခတ်ခဲ့သေးသည်ဟု ဆိုသည်။

အလားတူ ဇန်နဝါရီလ ၄ ရက်နေ့ညက ထွက်ပြေးသွားခဲ့သည့် ရေဖြူမြို့နယ်၊ ကံပေါက်ဒေသအခြေစိုက် ခလရ – ၂၇၃ တပ်ရင်းမှ တပ်သား ၅ ဦး လွန်ခဲ့တဲ့နှစ်ရက် ပြန်လည်ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။

ကံပေါက်မှ ဆိုင်ကယ်ဖြင့် မိနစ် ၂၀ ခန့်သွားရသည့် ပယကျေးရွာ၏ ဘုန်းကြီး ကျောင်းတောင်ကုန်းပေါ်တွင် ပြန်လည်အဖမ်းခံလိုက် ရခြင်းဖြစ် ကြောင်း သိရှိရသည်။

“ ရှေ့တန်းထွက်ရမှာကြောက်လို့ ဘုရား တောင်ပေါ် တက်နေတယ်ပြောတယ်။ ဘုန်းကြီးကသတင်းပေးလို့ ဆိုတာတွေလည်း ပြောနေကြတယ်။ ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေဆီကနေ တိတိကျကျသိရတာတော့ မရှိသေးဘူး “ ဟု ဒေသခံတစ်ဦးက ပြောသည်။

တပ်သားတွေ ထွက်ပြေးသည့်နေ့တွင် ပယကျေးရွာနှင့် ကပ်လျက်ရွာဖြစ်သည့် ဖက်တောင်ရွာမှ ဒေသခံများကို စစ်တပ်က စစ်မေးပြီး တောနင်းရှာဖွေခဲ့ ကြောင်း၊ စစ်သား ၅ ဦးကို ပြန်လည် ဖမ်းဆီးရမိပြီးနောက် မောရဝတီ ရေတပ် စခန်း တွင် နှိပ်စက်စစ်ဆေးနေသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

အလာတူ ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ် အခြေစိုက် စစ်ကောင်စီ၏ ခြေမြန် တပ်ရင်း ခမရ – ၅၀၈ တပ်သား ၂၀ ကျော်တို့သည် လက်နက်ခဲယမ်း နှင့်အတူ ထွက်ပြေးသွားကြောင်း ရှမ်းသံတော်ဆင့်သတင်းဌာနက သတင်းဖော်ပြသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ရပ်စောက်မြို့ အဝင်ရှိ စစ်ကောင်စီတပ် ခမရ ၅၀၈ လက်အောက်ခံ တပ်သား ရဲဘော် နှင့် အရာရှိ အပါအဝင် လူဦးရေ ၂၀ ကျော်သည် လက်နက်ခဲယမ်းနှင့် အတူ ထွက်ပြေးတိမ်းရှောင် နေခဲ့ခြင်းဖြစ် ကြောင်း ၊ အရာရှိများအပါအဝင် စုစုပေါင်း ထွက်ပြေးကြသူ ၂၄ ဦးရှိကြောင်း ၊လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီသည် ၎င်းတို့၏ တပ်သားအင်အား အများအပြားကို ရပ်စောက်မြို့နယ် အတွင်း ဖြန့်ထားလျက်ရှိပြီး နယ်မြေ ဒေသများတွင် စစ်ကြောင်းဖြင့် လှုပ်ရှားရှာဖွေနေကြောင်း ရှမ်းသံတော်ဆင့်က ရေးသားထားသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်သားအိုတစ်ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article