28 C
Yangon

ဒီပဲယင်းမြို့ပေါ် အနောက်ခြမ်းကွက်သစ်ရပ်ကွက် ကို စစ်တပ်က ယနေ့ ညနေမှစတင်၍ မီးတင်ရှို့ နေ

Must read

ဒီပဲယင်းမြို့ပေါ် အနောက်ခြမ်းကွက်သစ်ရပ်ကွက် ကို စစ်တပ်က ယနေ့ ညနေမှစတင်၍ မီးတင်ရှို့ နေ

ရန်ကုန်၊ ဇန်နဝါရီ ၂၉

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ် အနောက်ခြမ်းကွက်သစ်၊ ဆုပန်းမြိုင် ဘော်ဒါ၊ စည်သာ ဆေးဆိုင် အပါအဝင် ရပ်ကွက်ကို စစ်တပ်က ယနေ့ ညနေမှ စ တင် ၍ မီးတင်ရှို့ နေကြောင်း မြို့ နေပြည်သူများက ရန်ကုန် ခေတ်သစ် သ တင်း ဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေ ၅ နာရီမှစတင်၍ ဒီပဲယင်းမြို့ပေါ်ရှိ စစ်တပ် က မြို့ အနောက်ခြမ်းကွက်သစ်ရှိ လူနေအိမ်များ၊ ဆေးဆိုင်များ၊ စျေးဆိုင် များ၊ ပုဂ္ဂလိက ဘော်ဒါ ဆောင် ကျောင်းများ အပါအဝင် ရပ်ကွက်များကို မီးတင် ရှို့ခြင်းဖြစ်ပြီး မီးများ ယခုညအချိန် အထိ လောင်ကျွမ်းနေကြောင်း သိရှိရသည်။

“ဒီပဲယင်းခြံမှ စစ်ခွေးတွေက ဒီနေ့ ညနေပိုင်း ၅နာရီကျော်လောက်ကစလို့ ဒီပဲယင်း မြို့ပေါ် အနောက်ခြမ်းကွက်သစ်နှင့် ဆုပန်းမြိုင်ဘော်ဒါ အပါအဝင် စည်သာ ဆေးဆိုင်မှစတင်၍ မီးရှို့ဖျက်ဆီးနေကြတယ်။ ဒီညပိုင်း အစောပိုင်း အချိန်အထိ ရှို့နေကြတယ်။ ဒီနေ့ ည စစ်တပ်က သေနတ်တွေနဲ့ ရပ်ကွက် တွေကို ဝင်ရောက် စီးနင်းနေတတာ။ အခြေအနေအတိအကျမသိရသေးပေမဲ့ ပြည်သူတွေ ရှောင်ရှားနေရတယ် ။ဘေးလွတ်ရာကို၊ အခုနောက်ထပ် ကြား‌ရ တာက ကွက်သစ်ကို မီးရှို့သွားပြီ။ ဒီပဲယင်း ကွက်သစ်ဆိုတာ ဒီပဲယင်းမြို့ ပေါ် ပါပဲ။ အမျိုးတွေအိမ်လည်း မီးထဲပါကုန်ပြီ” ဟု ဒီပဲယင်းဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်များက ဒီပဲယင်းမြို့ပေါ်တစ်ဝန်းလုံးကို လုံခြုံရေးများ တင်း တင်း ကျပ်ကျပ်ချထားပြီး PDF များ ဝင်ရောက် နိုင်သည် ဆိုသော သတင်း များကြောင့် ဧည့်စာရင်းစစ်ခြင်းများ၊ ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီး ခြင်းများ လည်း လုပ်‌ ဆောင်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article