33 C
Yangon

နတ်သံကွင်း-ကျောက်ကြီး လမ်းတိုက်ပွဲတွင် စစ်သား ၇ ဦးသေဆုံးပြီး အ လောင်းများ ခိုးကြောင်ခိုးဝှက် ကောက်ယူ သဂြိုလ်ရ၊ ပဲခူးတိုင်းတွင် စစ်တပ် မိသားစုများ ကြောက်လန့်နေကြပြီး အပြင်မထွက်ရဲဘဲ ဗုံးခိုကျင်းထဲ ညအိပ်

Must read

နတ်သံကွင်း-ကျောက်ကြီး လမ်းတိုက်ပွဲတွင် စစ်သား ၇ ဦးသေဆုံးပြီး အ လောင်းများ ခိုးကြောင်ခိုးဝှက် ကောက်ယူ သဂြိုလ်ရ၊ ပဲခူးတိုင်းတွင် စစ်တပ် မိသားစုများ ကြောက်လန့်နေကြပြီး အပြင်မထွက်ရဲဘဲ ဗုံးခိုကျင်းထဲ ညအိပ်

ရန်ကုန်၊ ဇန်နဝါရီ ၁၁

ပဲခူးတိုင်း၊ နတ်သံကွင်း-ကျောက်ကြီး လမ်းပိုင်းတွင် ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၅ နာရီကျော်အချိန် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် နတ်သံကွင်း-ကျောက်ကြီး လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်နှင့် KNLA ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွား ခဲ့ပြီး စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲသည် နံနက် ၈ နာရီ ၃၀ မိနစ် အထိ ပြင်းထန်ခဲ့ပြီး ကျောက်ကြီး၊ ဆိပ်ကြီး ဂိတ်မှ စစ်သားများသည် မ ဆယ် ကွေ့အထိ ဆုတ်ခွာခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရိုးမ ပဲခူးတိုင်း၊တပ်ဖွဲ့ ၃၇၀၂၊ BPDF-yoma က ပြောသည်။

“နတ်သံကွင်း- ကျောက်ကြီးလမ်းမှာ နှစ်ဖက် ထိတွေ့မှု ဖြစ်တာက ဇန်နဝါရီ ၈ ရက်နေ့ မနက် ၅ နာရီခွဲကနေ ၃ နာရီကြာတယ် ဖြစ်တာ။ သေဆုံးသွားတဲ့ စစ် သား အလောင်းတွေကို တိုက်ပွဲဖြစ်ပြီးတော့ သွားမကောက်ရဲဘူး။ စစ်တပ် ဘက် က နောက်နေ့မှ ခိုးကြောင်ခိုးဝှက် သွား ကောက်ရတယ်။ အဲဒါ ၁၀ ရက် နေ့မှ သ‌ဂြိုလ်နိုင်တယ်” ဟု စစ်တပ် သတင်း ရင်းမြစ်က ပြောသည်။

အလားတူ ဇန်နဝါရီလ ၉ ရက်နံနက် ၉ နာရီ ခန့်တွင် ပဲခူးတိုင်း၊ကျောက်ကြီး မြို့နယ်၊ နောင်ကုန်းရွာအနီး၌ အကြမ်းဖက် စစ်ကောင်စီ ခလရ ၆၀ နှင့် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့၊ “ရိုးမ” ပဲခူးတိုင်း၊ တပ်ဖွဲ့ ၃၇၀၂ ၊ BPDF –Yoma တပ် ဖွဲ့ တို့အကြား ၂ နာရီခန့်အကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ရန်ကင်းပညာရေး ကောလိပ်မှ CDM ကျောင်းဆရာ စောလဲဘွယ်ထူး ကျဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးအပါအဝင် ၁၄ ဦးကျဆုံးခဲ့ကြောင်း သိရသော် လည်း ရန်ကုန်ခေတ်သစ်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ထို့ပြင် ဇန်နဝါရီလ ၉ ရက်နေ့ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ စစ်တောင်း တံတားဂိတ်‌စောင့် စစ်သားများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်‌ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ပဲခူးတိုင်း”ရိုးမ” တပ်ဖွဲ့ ၃၇၀၂ PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ထို့အတူ ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၂၆၄ တပ်ဝန်းထဲသို့ M79 ဖြင့် ၂ ချက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက် မှုတွင် စစ်ကောင်စီ၏ တပ်ရင်းမှူးအိမ်ရှေ့တည့်တည့်သို့ ကျည် ကျပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်(၁)ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

“မနေ့က ညောင်လေးပင်နားတပ် ၂၆၄ ကို ဝင်ပစ်တယ်။ စစ်သားမိသားစုတွေ တပ်ထဲက ဗုံးခိုကျင်းတွေထဲမှာ ပုန်းကြရတယ်။ အနီး အနားက စာသင် ကျောင်း က ကလေးတွေကို မိဘတွေကလာခေါ်ကြတယ်။ အဲဒီ ၂၆၄ တပ်က ကြက်ဝိုင်း လောင်းကစားဝိုင်းတပ်တွင်းမှာ အရပ်သူအရပ်သားတွေလာကစားဖို့ ဖိတ်ခေါ်ပြီး စီးပွားရေးလုပ်နေတဲ့တပ်ပါ။ မနေ့က ၄၅မိနစ်လောက်အထိပစ်ပြီး ငြိမ်သွား တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

လက်ရှိ ပဲခူးတိုင်း၊ ကျောက်ကြီး၊ ညောင်လေးပင်၊ ရွှေကျင်ရှိ တပ်များမှာ တပ်အပြင်သို့ မထွက်ရဲတော့ဘဲ ဗုံးခိုကျင်းများထဲတွင် အိပ်စက်ကြကြောင်း၊ ဒရုန်းများဖြင့် ဗုံးလာကျဲမည်ကို စိုးရိမ်ကြကြောင်း၊ တပ်ပြင်လည်း မထွက်ရဲဘဲ ပစ်ခတ်တိုက်ခိုက်ခံရမည်ကို စိုးရိမ်နေကြရကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပဲခူးတိုင်း၊ နတ်သံကွင်း-ကျောက်ကြီး လမ်းပိုင်းတိုက်ပွဲတွင် သေဆုံး သွားသော စစ်သား ၇ ဦး၏ အလောင်းများကို ယမန်နေ့က သဂြိုလ်နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article