29 C
Yangon

ပေါက်မြို့နယ်ရှိ ကျေးရွာ ၅ ခုကို စစ်တပ်က ၂ ရက်ဆက် မီးရှို့ဖျက်ဆီးမှု နေအိမ် ၇၇ လုံးပြာကျ

Must read

ပေါက်မြို့နယ်ရှိ ကျေးရွာ ၅ ခုကို စစ်တပ်က ၂ ရက်ဆက် မီးရှို့ဖျက်ဆီးမှု နေအိမ် ၇၇ လုံးပြာကျ

ရန်ကုန်၊ ဇန်နဝါရီ ၂၆

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကျေးရွာ ၅ ခုကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် မီးရှို့မှု နေအိမ် ၇၇ လုံးပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၄ ရက်နှင့် ၂၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ပေါက်မြို့နယ်အတွင်းရှိ သီးခြောက်ရွာ၊ ပြစ်ထဲရွာ၊ စမ်းရေခုံရွာ၊ ပန်းတော်ကန်ရွာနှင့် ဇင်ရွှေးခုံရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ပြစ်ထဲရွာမှ ပြည်သူပိုင် နေအိမ် ၁၄ လုံး၊ စမ်းရေခုံရွာမှ ပြည်သူပိုင် နေအိမ် ၉ လုံး၊ သီးခြောက်ရွာမှ ပြည်သူပိုင် နေအိမ် ၉ လုံး၊ ပန်းတော်ကန်ရွာမှ ပြည်သူပိုင် နေအိမ် ၂၆ လုံးနှင့် ဇင်ရွေးခုံရွာမှ ပြည်သူပိုင် နေအိမ် ၁၉ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ပေါက်မြို့နယ် တောင်ပိုင်းကို စစ်ခွေးတွေ၊ ရဲခွေးတွေနဲ့ တပ်ကုန်းရွာသစ်က ပျူခွေးများက ရွာ ၅ ရွာက နေအိမ် ၇၇ လုံးကို မီးရှို့ ဖျက်ဆီးသွားတယ်။ ပြည်သူတွေလဲ တအား ဒုက္ခရောက်နေပါပြီ ပြည်သူ ၅၀၀၀ ကျော် ဘေးလွတ်ရာကို ပြေးနေရတယ်။ သက်ကြီးရွယ်အို ကလေးအမေ ကလေးတွေလဲ တောတောင်ထဲမှာပဲ နေနေရပါတယ်။ စစ်ခွေးတွေကတော့ ပြန်ဆုတ်ပြီ ပေါက်မြို့ကို ဆုတ်ပြီ တစ်ဖွဲ့ကတော့ တပ်ကုန်းပျူရွာမှာ ကျန်နေသေးတယ် တပ်ကုန်းပျူရွာမှာ စစ်ခွေး အထိုင်စခန်းရှိတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article