30 C
Yangon

ပဲခူး၊ နတ်သံကွင်း-ကျောက်ကြီး လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၇ ဦးသေဆုံး၊ မင်းတုန်းတွင် မူးယစ်ရမ်းကားနေသည့် စစ်သားများကို ပစ်ခတ် တိုက်ခိုက်

Must read

ပဲခူး၊ နတ်သံကွင်း-ကျောက်ကြီး လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၇ ဦးသေဆုံး၊ မင်းတုန်းတွင် မူးယစ်ရမ်းကားနေသည့် စစ်သားများကို ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၈

ပဲခူးတိုင်း၊ နတ်သံကွင်း-ကျောက်ကြီး လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း BPDF-YOMA တပ်ဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် နတ်သံကွင်း-ကျောက်ကြီးလမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်နှင့် KNLA ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲသည် နံနက် ၈ နာရီ ၃၀ မိနစ် အထိ ပြင်းထန်ခဲ့ပြီး ကျောက်ကြီး၊ ဆိပ်ကြီး ဂိတ်မှ စစ်သားများသည် မဆယ်ကွေ့အထိ ဆုတ်ခွာခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရိုးမ ပဲခူးတိုင်း၊တပ်ဖွဲ့ ၃၇၀၂၊ bpdf-yoma မှ ထုတ်ပြန်ထားသည်။

ထို့ပြင် မကွေးတိုင်း၊ မင်းတုန်းမြို့တွင် မူးယစ်ရမ်းကားနေသည့် အကြမ်းဖက် စစ်တပ် လက်အောက်ခံ စစ်သားများကို ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လင်းယုန် တပ်ဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၇ ရက်နေ့ ည ၉ နာရီခန့်တွင် မင်းတုန်းမြို့နယ်၊ စပတန်းရွာ ပုသိမ်-မုံရွာလမ်းပိုင်း စစ်ကောင်စီခန့် ဥက္ကဠ ဖိုးပြားနေအိမ်တွင် စစ်သားများ မူးယစ်သောက်စားနေစဥ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထွက်ပြေးသွား​ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို သရက်-ကံမ-မင်းတုန်း ပူးပေါင်း ပကဖ Eagle Force တပ်ဖွဲ့မှ စီးနင်းခဲ့ပြီး ဖုန်း ၁ လုံးနှင့် ကား ၁ စီး သိမ်းဆည်းနိုင်ခဲ့ပြီး အဆိုပါ သိမ်းဆည်းရမိသောကားကို ဖောက်ခွဲ ရှင်းလင်းခဲ့ပြီး မီးလောင်သွား​ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article