36 C
Yangon

ဖရူဆိုမြို့နှင့် ပုလဲတွင် စစ်တပ် စစ်​ကြောင်းများကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ဖရူဆိုမြို့နှင့် ပုလဲတွင် စစ်တပ် စစ်​ကြောင်းများကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၇

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့ နယ်တို့တွင် အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရပြီး စစ် သား ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ဖရူဆိုမြို့အတွင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို စနိုက်ပါဖြင့်ပစ်ခတ်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း KNDF တပ်ရင်း ၄ က ယ မန်နေ့တွင် သတင်းထုတ်ပြန် ထားသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့က KNDF တပ်ရင်း ၄ တပ်ဖွဲ့နှင့် ဖရူဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး ယင်းအ ကြမ်းဖက်စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

အလားတူ ဇန်နဝါရီလ ၁၅ ရက် နေ့ကလည်း ဖရူဆိုမြို့၊ လောဘူးဒါးရပ်ကွက်တွင် KNDF တပ်ရင်းနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးထိမှန်မှုကြောင့် ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်က ဇန်နဝါရီလ ၁၄ ရက်နေ့ညနှင့် ၁၅ ရက် နေ့ နံနက်ပိုင်းတို့တွင် ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအုပ်စုအတွင်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ လူနေ အိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မဲဇရပ်ကျေးရွာအတွင်း ပစ်ခတ် ဝင်ရောက်လာသောအ ကြမ်းဖက်စစ်သားများနှင့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တို့ကြားတိုက်ပွဲပြင်း ထန်ခဲ့ရာ အကြမ်း ဖက်စစ်သားများ ထိခိုက်သေ ဆုံးမှုရှိနိုင်ကြောင်း ရိုးမရာဇာ PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက် နေ့က ကြောင်ဝင်ဒူးရွာကို မီးရှို့ ဖျက်ဆီးပြီးနောက် မဲဇရပ်ကျေးရွာ အတွင်းသို့ ပစ်ခတ်ဝင်ရောက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိပ်တိုက်တွေ့ဆုံပြီး နှစ်ဖက်အပြန် အလှန် ပစ်ခတ်မှုတိုက်ပွဲပြင်းထန်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ လက်နက်ကြီး မှ စစ်အုပ်စုအတွင်း ကျရောက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ခွေးတွေ သေတာတော့ အတိအကျမသိရသေးဘူး၊ စစ်ခွေးတွေကြားထဲ လက်နက်ကြီး ၅ ကြိမ်ထက် မနည်းကျရောက်ပေါက်ကွဲတာတော့အတိအကျသိရတယ်၊ လက်နက် ကြီးပစ်ကူအချိန်မီရောက်လာလို့ ရဲ ဘော်တွေအထိအခိုက်မရှိပြန်ဆုတ်ခွာနိုင်ခဲ့တာပါ၊ ကျနော်တို့လက်နက်တွေက လက် လုပ်၊ တူမီး၊ခါးကျိုး တွေဆိုတော့ ပြောင်းပူတာ၊ ဒင်ကျိုးတာတွေပါ ဖြစ်ခဲ့တယ်” ဟု ရိုးမရာဇာ တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး ပြောသည်။

အကြမ်းဖက်စစ်သားများဝင်ရောက်လာသဖြင့် ကိုးပင်ကျေး ရွာအတွင်း၌ ကျန်ရှိနေသော ဆိုင်ကယ်များကို ထုတ်ပေးရန် ပြည်သူများမှ အကူအညီအတောင်းသဖြင့် ဝင်ရောက်ထုတ်ယူနေစဉ် အကြမ်းဖက်စစ်တပ်နှင့် ထိပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်​သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်၂၀ ရိုးမရာဇာနှင့် သခင်ဒေါင်းညိုတို့အဖွဲ့နှင့် ဒေသခံ မဟာမိတ်တပ်ဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article