28 C
Yangon

ဖားကန့်ရှိ စစ်တပ်စခန်းနှစ်ခုကို KIA နှင့် PDF ပူးပေါင်းတပ်များ တိုက်ခိုက်မှု စစ်သားထိခိုက်သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်း များ သိမ်းဆည်းရရှိ

Must read

ဖားကန့်ရှိ စစ်တပ်စခန်းနှစ်ခုကို KIA နှင့် PDF ပူးပေါင်းတပ်များ တိုက်ခိုက်မှု စစ်သားထိခိုက်သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်း များ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၆

ကချင်းပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်စခန်း နှစ်ခုကို KIA ၊ PDF တပ်ဖွဲ့ကယနေ့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုများ ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသ တွင်းသတင်းရင်းမြစ်ထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၂၆ ရက် နံနက် ၄ နာရီ ၃၅ မိနစ်တွင် ဖားကန့်မြို့နယ်၊ တာမခံ၊ ဆယ်ဇင်းကျေးရွာတို့ တွင် SNA နှင့် စစ်ကောင်စီတပ်များ ပူးပေါင်း တပ်စွဲထားသော စစ်တပ်စခန်း ကို KIA တပ်မဟာ ၉ ၊ တပ်ရင်း ၂၆ တပ်ဖွဲ့ ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ လက်နက် စွန့် ပစ် ကာ ထွက်ပြေး သွားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်မှ လက်နက်ခဲယမ်းများ အပါ အဝင် ရိက္ခာများကို သိမ်း ဆည်းရရှိခဲ့ပြီး အကြမ်းဖက်စစ်သားများလည်း ထိ ခိုက် သေဆုံးမှုအများအပြားရှိခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ နံနက် ၄ နာရီခန့်က ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ အထိုင်ချ တပ်စွဲထားသော အကြမ်း ဖက်စစ်တပ် ဗျူဟာကုန်းနှင့် နမ့်ဆိုင်တပ်စခန်း နှစ်ခုကို KIA တပ်မဟာ ၉ တပ်ရင်း ၄၄ တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုများပြား နေပြီး စစ်ကူအမြန်ပေးရန် တောင်းဆိုနေကြောင်း၊ မြေပြင်စစ်ရေး တင်းမာ နေပြီး အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုမသိရသေး ကြောင်း KIA သတင်း ရင်းမြစ်က ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article