34 C
Yangon

ဖားကန့်၊ ကရင်၊ ချင်းပြည်နယ်တို့တွင် ပြည်သူများကို အစုလိုက်အပြုံလိုက် လေယာဉ် ဖြင့် ဗုံးကျဲ သတ်ဖြတ်သော တိုက် ခိုက်ရေး လေယာဉ်အုပ် ၆၂ ကို အမှတ် ၅၃၁ လေယာဉ်အုပ်ဟု အမည်ပြောင်းလဲ၊ တိုက်ခိုက်ရေးလေယာဉ် အုပ်စု အားလုံးကို ယတြာချေ အမည်ပြောင်းခိုင်း

Must read

ဖားကန့်၊ ကရင်၊ ချင်းပြည်နယ်တို့တွင် ပြည်သူများကို အစုလိုက်အပြုံလိုက် လေယာဉ် ဖြင့် ဗုံးကျဲ သတ်ဖြတ်သော တိုက် ခိုက်ရေး လေယာဉ်အုပ် ၆၂ ကို အမှတ် ၅၃၁ လေယာဉ်အုပ်ဟု အမည်ပြောင်းလဲ၊ တိုက်ခိုက်ရေးလေယာဉ် အုပ်စု အားလုံးကို ယတြာချေ အမည်ပြောင်းခိုင်း

ရန်ကုန်၊ ဇန်နဝါရီ ၂၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ပြည် သူ များကို အစုလိုက်အပြုံလိုက် လေယာဉ်ဖြင့် ဗုံးကျဲသတ်ဖြတ်ခဲ့သော ပိုင်း လော့ တိုက်ခိုက်ရေးလေယာဉ်အုပ် ၆၂ ကို အမှတ် ၅၃၁ တိုက်ခိုက်ရေး လေ ယာဉ် အုပ်အဖြစ် အမည်ပြောင်း လဲလိုက်ကြောင်း သိရှိရသည်။

ဇန်နဝါရီ ၁၉ ရက်နေ့တွင် တံတားဦးလေတပ်မှ အမှတ် ၆၂ တိုက်ခိုက်ရေး လေ ယာဉ် အုပ်ကို အမှတ် ၅၃၁ လေယာဉ်အုပ်အဖြစ် လည်းကောင်း၊ အမှတ် ၆၄ တိုက် ခိုက်ရေး လေယာဉ်အုပ်ကို အမှတ် ၅၃၂ လေယာဉ်အုပ်အဖြစ်လည်း ကောင်း တရားနာ အမည်ပြောင်းပွဲ ကျင်းပ၍ ပြောင်းလဲ သတ်မှတ်ခဲ့ကြောင်း သိရှိရသည်။

“တရားနာ ပရိတ်ရွတ်ပြီး နာမည်ပြောင်းပွဲလုပ်တယ်။ လေယာဉ်တွေကို ယ တြာ အဖြစ် သပြေခက်တွေနဲ့ ထိုးတယ်။ ၆၂ ရော ၆၄ ရော အုပ်နာမည် ပြောင်း တာ။ အမှတ် ၆၂ ကတော့ အမှတ် ၅၃၁ ဖြစ်သွားပြီးတော့ အမှတ် ၆၄ ကတော့ အမှတ် ၅၃၂ ဖြစ်သွားတယ်။ အမှတ် ၆၂ ၊ အမှတ် ၆၄ ဆိုတာက အရင်က မကွေး လက်အောက်ခံတုန်းက အုပ်နာမည်တွေဖြစ်တာရော ပြီးတော့ ၆၂ အုပ် က လူသတ်တဲ့နေရာမှာ နာမည်အရမ်းထွက်နေတဲ့ အတွက်ရယ် နာ မည် ပြောင်း တာလို့ သိရတယ်။ လေတပ်တွေမှာရှိတဲ့ တိုက်ခိုက်ရေး အုပ် နာမည် တွေ အကုန်ပြောင်းရမယ်။ ယတြာအရ လုပ်ရတယ်ပြောတယ်” ဟု လေတပ် သတင်း ရင်းမြစ်က ပြောသည်။

အမှတ် ၅၃၁ တိုက်ခိုက်ရေး လေယာဉ်အပ်စုအဖြစ် အမည်ပြောင်းလဲသွားသော တံတားဦးအခြေစိုက် အမှတ် ၆၂- Yak-130 တိုက်ခိုက်ရေးလေယာဉ် အုပ်မှူး မှာ-ဗိုလ်မှူး ရဲဇော်နိုင်ဖြစ်ပြီး ကချင်ပြည်နယ်၊ ဖားကန့်တွင် ၂၀၂၂ ခုနှစ်၊ အောက် တိုဘာလ ၂၃ ရက်နေ့ လူပေါင်းရာချီသေဆုံးခဲ့သော ဗုံးကျဲ တိုက် ခိုက် ခဲ့ကြသည့် တိုက်ခိုက်ရေးလေယာဉ် အုပ်စုဖြစ်ကြောင်း သိရှိရသည်။

အမှတ် ၅၃၂ တိုက်ခိုက်ရေး လေယာဉ်အုပ်စုအဖြစ် အမည်ပြောင်းလဲသွားသော တံတားဦး လေတပ်မှ အမှတ် ၆၄- A-5/ FTC 2000 G တရုတ်တိုက် လေယာဉ် အုပ်စု၏ အုပ်မှူးမှာ ဒုတိယဗိုလ်မှူးကြီး ရဲဦးဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်မင်းအောင်လှိုင်နှင့် SU-30 တိုက်လေယာဉ်သစ်တစ်စီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article