28 C
Yangon

ဘုရားသုံးဆူမြို့ပြပျောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်လင်းယုန်နှင့် ဆက် သွယ် မေးမြန်းချက်

Must read

“ရုံးတွေ မီးလောင်နေတဲ့အချိန် စစ်ခွေးတွေ စခန်းကုန်းကနေတောင် ထွက် မလာရဲဘူး။ Non-CDM ဝန်ထမ်းတွေအနေနဲ့ တစ်စုံ တစ်ခု ဖြစ်ပေါ်ပါက မည် သူ တစ်ဦး တစ်ယောက်ကမှ ကာကွယ် ပေးနိုင်ခြင်း မရှိတာကို မနေ့ညက တွေ့ မြင် ခဲ့ရပြီဖြစ်ပါတယ်။N၀n-CDM တွေ အမြန်ဆုံးCDM ဝင်ကြပါ။ စစ် ကောင် စီ ထောက်တိုင် တွေအနေနဲ့ ဒီနေ့မှ စပြီး မိမိတို့လုပ်ရပ်တွေကို ရပ်တန့် ဖို့ သတိ ပေးပါတယ်”

ဘုရားသုံးဆူမြို့ပြပျောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်လင်းယုန်နှင့် ဆက် သွယ် မေးမြန်းချက်

By ရန်ကုန်ခေတ်သစ်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် ဇန်နဝါရီလ ၂၃ ရက်နေ့ ညပိုင်း စရဖရုံး၊ ထွေအုပ်ရုံး၊ လ၀ကရုံးနှင့် စည်ပင်ရုံးများကို ပြည် သူ့ ကာကွယ်ရေးတပ်မတော် တော်လှန်ရေးအင်အားစုများက မီးရှို့ရှင်း လင်း လိုက်ပြီး မြို့ပေါ်တွင် ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ စစ်ဆင် ရေး နှင့်ပတ်သက်ပြီး ဘုရားသုံးဆူမြို့ပြပျောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ် လင်းယုန်ကို ခေတ်သစ် သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ မနေ့ညပိုင်းက ဘုရားသုံးဆူမြို့မှာ စစ်ကောင်စီရုံးတွေ မီးရှို့မှုတွေ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီစစ်ဆင်ရေး အကြောင်း ပြောလို့ရသလောက် ပြောပေးပါ။

ဖြေ။ ။ ဘုရားသုံးဆူ လူဝင်မှုကြီးကြပ်ရေးရုံး ၊ အထွေထွေအုပ်ချုပ်ရေး မှူး ရုံး၊ စည်ပင်ရုံးတို့ကို ဘုရားသုံးဆူမြို့ပြပျောက်ကျားတပ်ပေါင်းစုအဖွဲ့က မီးရှို့ ရှင်းလင်းခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီ လက် အောက်မှာ တာဝန်ထမ်းဆောင်နေ Non-CDM ဝန်ထမ်းတွေအနေနဲ့ အမြန် ဆုံး ပြည်သူတွေနဲ့ လက်တွဲ CDM ပြုလုပ်ဖို့ တိုက်တွန်းပါတယ်။

ဘုရားသုံးဆူမြို့ မှာ စစ်ကောင်စီလက်အောက်မှာ အလုပ်လုပ်နေတဲ့ Non-CDM ဝန်ထမ်းတွေအနေနဲ့ တစ်စုံတစ်ခု ဖြစ်ပေါ်ပါက မည်သူ တစ်ဦး တစ် ယောက် ကမှ ကာကွယ် ပေးနိုင်ခြင်းမရှိတာကို မနေ့ညက တွေ့မြင်ခဲ့ရပြီ ဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီ လက်အောက်မှာ တာဝန် မထမ်းဆောင် တော့ဘဲ အမြန်ဆုံးပြည်သူနဲ့ လက်တွဲ CDM ပြုလုပ်ကြဖို့ တိုက်တွန်းပါတယ်။

စစ်ကောင် စီ အတွက် သတင်းပေးနေတဲ့ စစ်ကောင်စီ ထောက်တိုင် ဆိုင်ကယ် ကယ်ရီသမားများ ၊ လူပုဂ္ဂိုလ်တွေအနေနဲ့ ဒီနေ့မှ စပြီး မိမိတို့လုပ်ရပ်တွေကို ရပ်တန့် ဖို့ သတိပေးပါတယ်။

မေး။ ။ မနေ့ညက စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးရုံး ၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊စည်ပင်ရုံးတွေကို မီးရှို့တော့ စစ်တပ်က ဘယ်ရောက်နေလဲ။

ဖြေ။ ။ ရုံးတွေ မီးလောင်နေတဲ့အချိန် စစ်ခွေးတွေက စခန်းကုန်းထဲက နေတောင် ထွက်မလာရဲဘူး။ သူတို့ပြန်ပစ်တာက ကျနော်တို့ ဆုတ်လမ်းကို ပစ်တာပါ။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှုမရှိပါဘူး။

ကျနော်တို့ မစ်ရှင်က Non-CDM ဝန်ထမ်းတွေကိုပါ အရှင်ရရင် ဖမ်းမလို့။ အဓိက ထွေအုပ်ရုံးက အုပ်ကြီး ဇော်မိုးကိုဝင်ဖမ်းဖို့။ ‌ ကျန်တဲ့ CDM မဝင် တဲ့ဝန်ထမ်းတွေကိုပါ ဖမ်းမလို့ပေါ့။ ဇော်မိုးကအဓိကပါ။ သူတို့ရဲ့ အုပ်ချုပ် ရေး ယန္တရားကြီးကိုရပ်စေချင်ဝာာပါ။ ဇော်မိုးက စစ်တပ်ထဲကိုဝင်ပြေးသွားတာ။ မနေ့ညက ဖြစ်စဉ်မှာ Non-CDM တွေ ဖမ်းဆီးရမိတာ မျိုးမရှိခဲ့ပါဘူး။

ကျနော်တို့အနေနဲ့က မြို့နေပြည်သူအထိခိုက်နည်းရအောင် အဲဒီအချိန်ကိုပဲ ရွေးလိုက်တာ။ ဘာလို့ဆိုတော့ ပြည်သူတွေခက်ခဲနေကြတယ်။ စည်ပင်ရုံးကို မီးရှို့တာက အခွန်ကောက်ကြမ်းတယ်ဆိုပြီး ကျနော်တို့ကို တိုင်ထားလို့ပါ။

မေး။ ။ မနေ့ညက စစ်ကောင်စီရုံးတွေကို မီးရှို့တာက မဟာမိတ်တွေ ဘယ်နှစ်ဖွဲ့ လောက် ဆောင်ရွက်တာပါလဲ။

ဖြေ။ ။ အားလုံးကတစ်ဖွဲ့တည်းပါပဲ။ မြို့ပြပျောက်ကျားတပ်ပေါင်းစု အနေ နဲ့ပဲ ဆောင်ရွက်တာပါ။ အဓိကရည်ရွယ်ချက်ကတော့ စစ်ကောင်စီရဲ့ အုပ်ချုပ် ရေး ယန္တရား ရပ်တန့်စေချင်တာ။ Non-CDM တွေကို ပြည်သူတွေ နဲ့ပူးပေါင်းပြီး CDM ဝင်စေချင်တာပါ။ ပြည်သူ့ ဘက်ကိုမျက်နှာမူတဲ့ ပြည်သူ့ ဝန်ထမ်း တွေပဲ ဖြစ်စေချင်တာပါ။ ကျနော်ပြောချင်တာကတော့ Non-CDM တွေ အမြန်ဆုံးCDM ဝင်ကြပါ။

ဓာတ်ပုံ- ယမန်နေ့ညပိုင်း မီးလောင်ပြာကျသွားသော ဘုရားသုံးဆူမြို့ စရဖရုံး၊ လ၀ကရုံး၊ စည်ပင်ရုံး၊ ထွေ/အုပ်ရုံး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article