30 C
Yangon

မိုးညှင်းတွင် မူးယစ်ဆေးဝါးများကို ဖမ်းဆီးပြီး ပြန်လည် ရောင်းချနေသည့် မူးယစ်ရဲတပ်ဖွဲ့မှ ရဲအုပ် မင်းကိုကို အပါအဝင် ရဲနှင့် သတင်းပေး ၇ ဦးကို လက်နက်၊ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

Must read

မိုးညှင်းတွင် မူးယစ်ဆေးဝါးများကို ဖမ်းဆီးပြီး ပြန်လည် ရောင်းချနေသည့် မူးယစ်ရဲတပ်ဖွဲ့မှ ရဲအုပ် မင်းကိုကို အပါအဝင် ရဲနှင့် သတင်းပေး ၇ ဦးကို လက်နက်၊ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

ရန်ကုန်၊ ဇန်နဝါရီလ ၁၃

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာအနီးတွင် ဇန်နဝါရီလ ၁၂ ရက်နေ့လယ်ပိုင်း စစ်ကောင်စီလက်အောက်ခံ မူးယစ်ရဲတပ်ဖွဲ့မှ ရဲအုပ်မင်းကိုကို အပါအဝင် ရဲနှင့်သတင်းပေး ၇ ဦးကို ဖမ်းမိထား ကြောင်း Mohnyin Revolution Force တပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ ရဲအုပ်အပါအဝင် အဖွဲ့ဝင် ၇ ဦးသည် မော်ဟန်ကျေးရွာရှိ ဘိန်းခန်းများကို လိုင်းကြေးလိုက်ကောက် နေကြောင်း ပြည်သူများ၏ သတင်းပေးတိုင်ကြားမှုကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ရဲအုပ်မင်းကိုကို အပါအဝင် ရဲ ၂ ဦး၊ ဟိုပင်မြို့မှ ရဲသတင်းပေး တင်ဝင်း အပါအဝင် ၅ ဦးတို့ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့ နေ့လယ်ပိုင်းက ဖမ်းမိခဲ့တာ၊ ပြည်သူတွေက စောင့်ကြည့် တိုင်ကြား လို့ ဖမ်းဆီးနိုင်တာဖြစ် တဲ့ အတွက် ပြည်သူတွေကို အထူးကျေးဇူးတင်ပါတယ်၊ ဆက်လက်သတင်းပေးတိုင်ကြားဖို့လည်း ဖိတ်ခေါ်ပါ တယ်” ဟု Mohnyin Revolution Force တပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ထိုမူးယစ်တပ်ဖွဲ့ဝင်များသည် လွန်ခဲ့သည့် ရက်ပိုင်းက ဖမ်းဆီးရရှိသော မူးယစ်ဆေးဝါးများကိုု အမှုစွဲ တင်ရာတွင် အနည်းငယ် ဟန်ပြအသုံးပြုပြီး ကျန်မူးယစ်ဆေးဝါးများကို ပြန်လည်ဖြန့်ဖြူးရောင်း ချနေကြောင်း၊ မူးယစ်ရာဇာများထံမှ ဖမ်းမိပစ္စည်းများကို အမှုသက်သာစေရန် လျှော့နည်းတရားစွဲဆိုရာက ငွေရနေသည့်အပြင် မူးယစ်ဆေးဝါးရောင်းချသော ငွေပါရနေသည့်အတွက် ကြီးပွားနေကြသူများဖြစ်ကြောင်း သိရသည်။

“သုံးစွဲသူတွေ ဖမ်းမိရင် သိန်း ၅၀ တောင်းပြီး ပြန်လွှတ်ပေးတယ်၊ သတင်းပေးတဲ့ အင်ဖော်မာက ၁၀ သိန်းရတယ်၊ အဲဒီလိုနဲ့ ဒီကောင်တွေက ထောနေကြတာ၊ မူးယစ်ဆေးဝါးကို လုံးဝအသုံးပြုခွင့်ပေးလို့မရပါ ဘူး” ဟု Mohnyin Revolution Force တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖမ်းဆီးရရှိခဲ့သော ရဲနှင့် ရဲသတင်းပေးများကို နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article