29 C
Yangon

မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ တင်သွင်းနေသော Asia Sun ကုမ္ပဏီနှင့် Cargo Link ကုမ္ပဏီ တို့ကို ဗြိတိန်အစိုးရက ဒဏ်ခတ် ပိတ်ဆို့ အရေး ယူ

Must read

မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ တင်သွင်းနေသော Asia Sun ကုမ္ပဏီနှင့် Cargo Link ကုမ္ပဏီ တို့ကို ဗြိတိန်အစိုးရက ဒဏ်ခတ် ပိတ်ဆို့ အရေး ယူ

ရန်ကုန်၊ ဇန်နဝါရီ ၃၁

မြန်မာစစ်တပ်အတွက် လေယာဉ်ဆီများ တင်သွင်းနေသော Asia Sun ကုမ္ပ ဏီနှင့် Cargo Link ကုမ္ပဏီ ၂ ခုကို ဗြိတိန်အစိုးရ စီးပွားရေး ဒဏ်ခတ် ပိတ် ဆို့ အရေးယူလိုက်ကြောင်း ဗြိတိန်အစိုးရက တရားဝင် သတင်းထုတ်ပြန်သည်။

မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးပေး နေသည့် ကုမ္ပဏီ ၂ ခု အပေါ် ဗြိတိန်က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လိုက်‌ပြီး ထိုသို့ ဒဏ်ခတ် ပိတ်ဆို့ရခြင်းမှာ စစ်တပ်က အရပ်သားပြည်သူအပေါ် လေကြောင်း တိုက်ခိုက် မှုများ၊ ဖိနှိပ်နှိမ်နင်းမှုများ ပြုလုပ်သည်ကို ကူညီပေးနေသည့်အတွက် အဆိုပါ ကုမ္ပဏီ ၂ ခုကို ပစ်မှတ်ထားအရေးယူလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဗြိတိန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ခံရသည့် ကုမ္ပဏီ ၂ ခုမှာ Asia Sun ကုမ္ပဏီ နှင့် Cargo Link ကုမ္ပဏီ တို့ဖြစ်ပြီး အဆိုပါ ကုမ္ပဏီနှစ်ခုစလုံးမှာ Asia Sun ကုမ္ပဏီအုပ်စု၏ အစိတ်အပိုင်းများဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ လေယာဉ်ဆီ ကဏ္ဍကို ချုပ်ကိုင်ထားသည့် ကုမ္ပဏီများ ဖြစ်ပြီး မြန်မာ့လေတပ်အတွက် လေ ယာဉ် ဆီများ ဝယ်ယူတင်သွင်းနေကြကြောင်း သိရှိရသည်။

ထို့ပြင် Asia Sun ကုမ္ပဏီ၏ ဒါရိုက်တာနှင့် တစ်ဦးတည်း အစုရှယ်ယာရှင် များဖြစ်ကြသည့် ဇော်မင်းထွန်း၊ ဝင်းကျော်ကျော်အောင်တို့ကိုလည်း ဗြိတိန်က ဒဏ်ခတ်ပိတ်ဆို့ အရေးယူကြောင်း သိရှိရသည်။

“ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အကျိုးသက်ရောက်မှု များနိုင်သမျှ များအောင် စေ့စေ့ စပ်စပ် တွက်ချက်ထားပါတယ်။ ဒီလိုပိတ်ဆို့အရေးယူခြင်းအားဖြင့် မြန်မာ စစ်တပ်ရဲ့ ဘဏ္ဍာငွေအရင်းအမြစ် လက်လှမ်းရရှိနိုင်မှု၊ လောင်စာဆီ အရင်း အမြစ် လက်လှမ်းရရှိနိုင်မှု၊ လက်နက်နှင့် ကိရိယာ အရင်းအမြစ် လက် လှမ်း ရရှိနိုင်မှုတွေကို လျော့နည်းစေမှာ ဖြစ်ပါတယ်။ အတိုက် အခံ အင်အား စုတွေရဲ့ အသံတွေကို ရက်ရက်စက်စက် ဖြိုခွင်းခဲ့တာ၊ လေကြောင်း တိုက်ခိုက်မှု တွေကနေ တဆင့် အကြမ်းဖက်တာ ၊ လူ့အခွင့်အရေးကို ရှက်ရွံ့မှုမရှိ၊ ပြောင် ပြောင် တင်းတင်း ချိုးဖောက်ထားတာတွေအတွက် စစ်အစိုးရက မဖြစ်မနေ တာဝန်ခံရမှာဖြစ်ပါတယ် ” ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး James Cleverly က ပြောဆိုသည်။

မြန်မာစစ်တပ်၏ လေတပ်သည် အရပ်သားပြည်သူများကို လေကြောင်းဖြင့် အကြမ်းဖက် တိုက်ခိုက်ခဲ့ပြီး အပြစ်မဲ့ အရပ်သား ပြည်သူမြောက်မြားစွာ သေ ဆုံးမှု များစွာ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- လေတပ်နှစ်ပတ်လည်နေ့တွင် တွေ့ရသည့် အကြမ်းဖက် မင်းအောင်လှိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article