29 C
Yangon

မြိုင်နှင့် ကလေးတွင် စစ်ကြောင်းနှင့် စစ်ကားကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံး၊ ပုလဲတွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံး

Must read

မြိုင်နှင့် ကလေးတွင် စစ်ကြောင်းနှင့် စစ်ကားကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံး၊ ပုလဲတွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၉

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကြောင်းနှင့် စစ်ကားကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၇ ရက်နေ့ ည ၈ နာရီ ၄၈ မိနစ်တွင် ညကင်းလှည့်ပြီး သေနတ်ပစ်ဖောက်လာသည့် စစ်သားနှင့် တွင်းမရွာ ပျူစောထီးအဖွဲ့ကို မိုင်း ၁၃ လုံးဖြင့် တွင်းမရွာ အစပ်တွင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး မိုင်း ၃ လုံးသာ ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၁၀ နာရီ ၃ မိနစ်တွင် ပခုက္ကူမှ ထွက်လာသည့် စစ်သားနှင့် ပျူစောထီးများ လိုက်ပါလာသော FAW ကားကို တွင်းမရွာ ပျူစောထီး စခန်းနှင့်သရက်ကန်ရွာ ပျူစောထီး စခန်း အကြားတွင် ရှေ့ထွက်မိုင်း ၁၀ လုံး၊ ပေပါခါးပြတ်-မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်မြို့နယ် ပြည်သူ့ကွာကွယ်ရေးတပ်ဖွဲ့ မြိုင်-ပကဖ တပ်ရင်း ၁ တပ်ခွဲ – ၁ နှင့် တပ်ခွဲ – ၂ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ ပူပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် လှည့်ကင်းကို ဖောက်ခွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Kalay PDF တပ်ဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၉ ရက်နေ့ နံနက်ပိုင်း ၇ နာရီ ၃၀ မိနစ်တွင် ကလေးမြို့၊ တာဟန်းရပ်ကွက်၊ ဒိုးဝိုင်းချောင်းလမ်း၌ လှည့်ကင်းသွားလာနေသော အကြမ်းဖက် စစ်တပ်မှ စစ်သားများကို PDF (Kalay) ၏ မြို့ပြပျောက်ကြား စစ်ဆင်ရေးတပ်ဖွဲ (Operation MoMo)မှ အသင့်တပ်ဆင်ထားသော မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးထိခိုက်သေဆုံးသေဆုံးခဲ့ကြောင်း သိရသည်။

နံနက်ပိုင်း ၁၁ နာရီခန့်တွင်လည်း ကလေးမြို့၊ တာဟန်းရပ်ကွက်၊ ဝယ်စလီဆေးရုံလမ်းထောင့်ရှိ အကြမ်းဖက် စစ်တပ် ကင်းစခန်းကို PDF (Kalay) ၏ မြို့ပြပျောက်ကြား စစ်ဆင်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်မှ စစ်သားများက အနီးပတ်ဝန်းကျင်ရှိ လူနေ ရပ်ကွက်များကို ပြန်လည် ရမ်းကားပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၁ ဦး ကျည်ထိမှန်‌သေဆုံးခဲ့ကြောင်း PDF (Kalay) တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ရှိ မြို့နယ်ထွေအုပ်ရုံး၊ ရဲစခန်းနှင့် မြသိန်းတန် စေတီအနီးရှိ အကြမ်းဖက်စစ် ကောင်စီကင်းပုန်းနေရာ ၃ ခုကို တပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း M7 People’s Defence Army အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၉ ရက် နံနက်အစောပိုင်း ၃ နာရီခန့်က အဆိုပါနေရာ ၃ ခုကို စစ်ကြောင်း ၃ ကြောင်း ခွဲကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု ၂ နာရီခန့်ကြာမြင့်ခဲ့ကာ အကြမ်းဖက် စစ်သား ၄ ဦးသေဆုံးပြီး ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိ အခိုက်မရှိပဲ နံနက်မိုးလင်း နံနက် ၆ နာရီခွဲခန့်တွင် ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“စစ်ခွေး ၄ ကောင်သေတယ်၊ ၂ ဦးပျောက်နေတယ်လို့ အတွင်းသတင်းအရ သိရတယ်၊ အဓိက ကတော့ စစ်ခွေးတွေတပ်စွဲထားတဲ့ ထွေအုပ်ရုံးကို ဝင်စီးတာပါ၊ ရဲစခန်းရယ်၊ ထွေအုပ်ရုံးရယ်၊ ကင်းပုန်းနေရာရယ် လမ်းပဲခြားတာ၊ နီးနီးလေးဆိုတော့ စစ်ကူမလာနိုင်အောင် အဖွဲ့တွေ ၃ နေရာခွဲပြီး ဝင်တိုက်ခဲ့တာပါ၊ သေတာလဲ ထွေအုပ်ရုံးထဲက စစ်ခွေးတွေပဲ” ဟု M7 PDA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှလည်း စက်လက်၊ လက်နက်ငယ်များဖြင့်သာ ပြန်လှန်ပစ်ခတ်ခဲ့ ကြောင်း၊ လက်နက်ကြီးပစ်ခတ်မှု မတွေ့ရှိရကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခြင်းမရှိကြောင်း၊ ပုလဲမြို့ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှာ အင် အားနည်းနေပြီး တပ်ပျက်နေကြောင်း M7 People’s Defence Army ထံမှ သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ခရိုင်တပ်ရင်း ၈ ၊ တပ်ရင်း ၁၀ ၊ တပ်ရင်း ၁၂ ၊ တပ်ရင်း ၂၀ ၊ ပုလဲဂျိုကာ၊ M7 PDA ၊ MGH ပခုက္ကူ ခရိုင်တပ်ရင်း ၇ တပ်ခွဲအားလုံး၊ စကား ၊ GOM ၊ပုံတောင်အဖွဲ့၊ MPL ၊ ရွှေဟင်္သာ ၊ အညာ ဒေါင်း ၊ MRG ၊ Gen -21 ၊ သိန်းငှက်နီ၊ PCM Force ၊ ဗမာ့ဒေါင်း ၊ Royal Senven အဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article