29 C
Yangon

ရေစကြိုနှင့် မြိုင်တွင် စစ်​ကြောင်းများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၂၂ ဦးသေဆုံး

Must read

ရေစကြိုနှင့် မြိုင်တွင် စစ်​ကြောင်းများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၂၂ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၄

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေစကြိုမြို့ပေါ်ရှိ မြို့မရဲစခန်းအနီးတွင် ဆိုင်ကယ်ဖြင့် ကင်းလှည့်နေ သော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ရေစကြိုမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယနေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၄ နာရီခန့်တွင် ဆိုင်ကယ် ၃ စီးဖြင့် ကင်းလှည့်လာသော စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပ.က.ဖ) ရဲဘော်များက မြို့မရဲစခန်းနှင့် Denko ဆီဆိုင်နှင့် မြို့မရဲစခန်းအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ခြင်း ဖြစ်​ကြောင်း သိရှိရသည်။

“ဆိုင်ကယ် ၃ စီးနဲ့ကင်းလှည့်တာပါ၊ တစ်စီးပဲ ဆွဲနိုင်လိုက်တယ်၊ Denko ဆီဆိုင်အနီးပတ်ဝန်းကျင်မှာပါ၊ မြို့မရဲစခန်းနှင့်လည်း နီးပါတယ်၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်တွေအထိအခိုက်မရှိခဲ့ဘဲ ပြန်လည်ဆုတ် ခွာနိုင်ခဲ့ပါတယ်”ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)မှ တာဝန်ရှိသူတစ်ဦးက ပြော ဆိုသည်။

အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရဲစခန်းနှင့် Well -2 ရေနံမြေစခန်းကြား၌ ခြေလျင် ရိက္ခာ ပို့ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ခန့်သေဆုံးခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက် ညနေ ၃ နာရီဝန်းကျင်ခန့်တွင် ပခုက္ကူမြို့မှ Well-2 ရေနံမြေစခန်းကို ရိက္ခာပို့ရန် အင်အား ၅၀ ခန့်ဖြင့် ခြေလျင်စစ်ကြောင်းထိုးဝင်ရောက်လာသည့် အကြမ်း ဖက်စစ်သားများ ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်း ၁၅ လုံးအသုံးပြုကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံး ဒဏ်ရာရရှိသွားသော အကြမ်းဖက်စစ်သားများကို ဖောကား ၃ စီးဖြင့် တင်ကာ ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ တပ်ထဲသို့ သယ်ဆောင်သွားကြောင်း သိရသည်။

“ပေပါမိုင်း ၆ ပွိုင့်နဲ့ ဆွဲလိုက်တာပါ၊ စစ်ခွေးတွေက မိုင်းဆွဲခံရမှာကြောက်လို့ လမ်းမပေါ်က မသွားပဲ တောလမ်းအတိုင်း ဖြတ်ဝင်လာတာ၊ မိုင်းဆွဲမယ် မထင်ပဲ အစုလိုက်ပြီး ဝင်လာတာကို ဆွဲလိုက်တာ၊ စစ် ခွေး ၂၀ လောက်တော့ သေနိုင်တယ်လို့ မိုင်းဆွဲခဲ့တဲ့ရဲဘော်က ပြောတယ်၊ စစ်ခွေးတွေ အဲဒီနေရာပဲ ရှိနေ သေးတယ်၊ ဒီနေ့မနက် ၉ နာရီလောက်ကလည်း ကိုင်းတောမ ကနေ ကား ၄ စီး၊ အင်အား ၁၀၀ လောက်နဲ့ သေနတ်တွေပစ်ပြီး တက်သွားသေးတယ်” ဟု စင်္ကြာ ဒေသကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- မြိုင်မြို့နယ် တပ်ခွဲ ၁ ၊ တပ်ခွဲ -၄ (စင်္ကြာ)၊ မုန် တိုင်းတပ်ဖွဲ့ နှင့် MUGDF တပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article