28 C
Yangon

ရွှေဘိုတွင် ပြည်သူ့ သတင်းပေးလုပ်နေသော ဖရဲသီး ပျူစောထီးမိသားစုဝင် ၈ဦးကို ကယ်ထုတ်

Must read

ရွှေဘိုတွင် ပြည်သူ့ သတင်းပေးလုပ်နေသော ဖရဲသီး ပျူစောထီးမိသားစုဝင် ၈ဦးကို ကယ်ထုတ်

ရန်ကုန်၊ ဇန်နဝါရီ ၁၀

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ အနောက်ခြမ်းရှိ သီးလုံးကျေးရွာမှ ပြည်သူ့သတင်းပေးလုပ်နေသော ပျူ စောထီးမိသားစုဝင် (၈) ဦးကို ကယ်ထုတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ပျူစောထီးနှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း Snake Eyes –LPDF မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၈ ရက်နံနက် အစောပိုင်း ၁ နာရီခန့် အကြမ်းဖက်စစ်သား၊ ပျူစောထီးများ စိုး မိုး ထားသည့် သီးလုံးရွာ တွင်နေထိုင်ပြီး ပြည်သူ့သတင်းပေးလုပ်နေရသည်ကို လုံခြုံမှုမရှိတော့သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံ ထွက်ပြေးလာသည့် မိသားစုဝင် ၈ ဦးကို ကယ်ထုတ်ခဲ့ရာရခြင်း ဖြစ်ကြောင်း သိရသည်။

“သူတို့ရွာကနေ ပျောက်သွားတာကို သိတော့ စစ်ခွေးတွေ၊ ပျူခွေးတွေက လိုက်ရှာကြတာ၊ ကျနော်တို့က လူတွေကလည်း လိုက်ရှာမယ်ဆိုတာ သိလို့ ကြိုစောင့်နေကြတာ၊ မနက်မိုးလင်းတော့ စစ်ခွေးတွေ၊ ပျူတွေက လိုက်ရှာတယ်၊ အဲဒီအချိန်မှာ ကျနော်တို့လူတွေနဲ့ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့တာ၊ ပျူစောထီး ၂ ဦးဒဏ်ရာရတယ်တို့ပဲသိရတယ်၊ သေတယ်ဆိုတဲ့သတင်းတော့မကြားသေးဘူး” ဟု Snake Eyes –LPDF တာဝန်ရှိသူတစ်ဦး ကပြောဆိုသည်။

အဆိုပါစောင့်ကြိုတိုက်ခိုက်မှုကို Snake Eyes- LPDF ၊ C&T Shwebo နှင့် ရွှေဘိုမြို့နယ် တိုက်နယ် ၂ တော်လှန်ရေးအင်အားစုများ စုပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိ အခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article