34 C
Yangon

လှိုင်သာယာ၊ အမှတ် ၅ ရပ်ကွက်ရုံးကို မိုင်းပစ်တိုက်ခိုက်မှု ပေါက်ကွဲမှုမရှိဘဲ စစ်တပ်က ဖောက်ခွဲ၊ မရမ်းကုန်းတွင်လည်း ဗုံးပေါက်မှုဖြစ်ပွား

Must read

လှိုင်သာယာ၊ အမှတ် ၅ ရပ်ကွက်ရုံးကို မိုင်းပစ်တိုက်ခိုက်မှု ပေါက်ကွဲမှုမရှိဘဲ စစ်တပ်က ဖောက်ခွဲ၊ မရမ်းကုန်းတွင်လည်း ဗုံးပေါက်မှုဖြစ်ပွား

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ အမှတ် ၅ ရပ်ကွက်ရုံးကို လက်ပစ်မိုင်း ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပေါက်ကွဲမှုမရှိပဲ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း HTY Scout Information ထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၂၉ ရက် ညနေ ၃ နာရီ ၄၄ မိနစ်အချိန်က အဆိပ်ငွေ့ စစ်ဆင်ရေးအဖြစ် ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိုင်းမှာ Error ဖြစ်ပြီး ပေါက်ကွဲ မှုမရှိခဲ့ကြောင်း၊ ထိုသို့ ပေါက်ကွဲမှုမရှိခဲ့သော်လည်း ခြိမ်းခြောက်မှုတစ်ခုအဖြစ် သတိပေးနိုင်ခဲ့ကြောင်း၊ မပေါက်ကွဲသေးသည့် မိုင်းကို အကြမ်းဖက်စစ်တပ်က ရပ်ကွက်ရုံးအနီးရှိ မြေကွက်လပ်တစ်နေရာတွင် ဖောက်ခွဲဖျက်ဆီးလိုက် ကြောင်း သိရသည်။

“ပြည်သူတွေ အစစအရာရာ ဂရုစိုက်ပြပါ၊ ပြည်သူ့ရဲဘော်အားလုံးနှင့် တစ်သားတည်းရှိနေပေးပါ၊ မြို့ပြ မစ်ရှင်တွေကို မြင်တွေ့ခဲ့ရင်တောင် ရေငုံနှုတ်ပိတ်နေပေးပြီး ပူးပေါင်းပါဝင်ကြပါ”ဟု မြို့ပြ ပြောက်ကျား တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Gods of Death(GOD) နှင့် သွေးသစ္စာအဖွဲ့တို့ပူးပေါင်းကာ လုပ်ဆောင် ခဲ့ခြင်းဖြစ် ပြီး မိုင်းပစ် တိုက်ခိုက်မှုအပြီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ရဲများက ဗိုလ်ချုပ်အောင်ဆန်းလမ်းကို ပိတ်ဆို့ပြီး ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ နံနက် ၉ နာရီ ဝန်းကျင်အချိန် မရမ်းကုန်းမြို့နယ်တွင်လည်း ပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွားခဲ့ပြီး မည်သည့်နေရာတွင် ပေါက်ကွဲသည်ကို မသိရှိရကြောင်း၊ အလွန်ကျယ်လောင်သော ပေါက်ကွဲသံကိုသာ ကြားရကြောင်း မရမ်းကုန်း၊ ကျိုက်၀ိုင်းလမ်းဘက်တွင် နေထိုင်သူ ပြည်သူ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံတွင် တွေ့ရသည့် အကြမ်းဖက်စစ်သားများ။ (ပုံအဟောင်း ဖြစ်သည်)

Photo- EPA

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article