28 C
Yangon

ဝက်လက်မြို့နယ်ရှိ ရွာ ၄ ရွာကို စစ်တပ်က တစ် နေ့တည်း မီးရှို့ဖျက်ဆီးပြီး လူငယ်တစ်ဦးကို စစ်တပ်က ပစ်သတ်

Must read

ဝက်လက်မြို့နယ်ရှိ ရွာ ၄ ရွာကို စစ်တပ်က တစ် နေ့တည်း မီးရှို့ဖျက်ဆီးပြီး လူငယ်တစ်ဦးကို စစ်တပ်က ပစ်သတ်

ရန်ကုန်၊ ဇန်နဝါရီ ၃၁

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အတွင်းရှိ ရွာ ၄ ရွာကို အ ကြမ်းဖက်စစ်တပ်က တစ်နေ့တည်း မီးရှို့ဖျက်ဆီးပြီး လူငယ်တစ်ဦးကို ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဗိုလ်ကျားကြီး(Bo Tiger) တပ်ဖွဲ့မှ ဗိုလ်နေမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက်နေ့က ဝက်လက်မြို့အခြေစိုက် အကြမ်းဖက်စစ်တပ်နှင့် ဒေသခံပျူစောထီး တပ်သား အင် အား ၈၅ ဦးကျော်သည် ပြည်သူလူထုနေထိုင်ရာကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ အသက် ၁၇ နှစ်အရွယ်ခန့်ရှိ လူငယ်တစ်ဦးကိုလည်း သဖန်းကုန်းရွာထိပ်တွင် ပစ်သတ်ခဲ့ကြောင်း သိရသည်။

“မနေ့ ၃၀ ရက်နေ့မှာ စစ်ခွေးတွေက ထွက်လာတယ်၊ ထွက်လာပြီးတော့ အောင်တက်ကုန်းရွာကို မီးရှို့တယ်၊ အောင်တက်ကုန်းရွာပြီးတော့ သဖန်းကုန်းရွာကို ရှို့တယ်၊ သဖန်းကုန်းရွာပြီးတော့ ဖက်သန်းကြီးရွာကို ရှို့တယ်၊ ဖက်သန်းကြီးရွာပြီးတော့ကော်တုံရွာကို ရှို့တယ်၊ အဲဒီတစ်နေ့တည်းနဲ့တင် ရွာ ၄ ရွာကိုရှို့ တာ၊” ဟု ဗိုလ်ကျားကြီး(Bo Tiger) တပ်ဖွဲ့မှ ဗိုလ်နေမင်း က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

သတင်းရလျှင်ရခြင်း ဗိုလ်ကျားကြီး(Bo Tiger) တပ်ဖွဲ့မှ ရဲဘော်များက ပစ်ခတ်တားဆီးနိုင်ရန် သွားရောက်ခဲ့သော် လည်း ကော်တုံရွာကို မီးရှို့ပြီးသည့်အချိန် ညနေ ၆ နာရီခန့်တွင်ရောက်ရှိသွားကြောင်း၊ ထိုအချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ မီးဝင်ငြှိမ်းပေးခဲ့ရကြောင်း၊ အကြမ်းဖက်စစ်သားများမှ ဖက်သန်းကြီးရွာဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း၊ ဖက်သန်းကြီးရွာတွင် ညအိပ်တပ်စွဲပြီး သဖန်းကုန်းရွာမှ တဆင့်တခေါင်မင်းရွာဘက်သို့ ဆက်လက်ထွက်ခွာပြီး မီးရှို့နေချိန် ဗိုလ်ကျားကြီးတပ်ဖွဲ့မှ ရဲ ဘော်များက လက် နက် ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၂၀၀ ခန့်ရှိသော ဖက်သန်းကြီးရွာနှင့် အိမ်ခြေ ၄၀၀ ခန့်ရှိသော ကော်တုံရွာနှင့် အောင်တက်ကုန်းရွာတို့တွင် တစ်ရွာလုံးနီးပါး မီး လောင်ပျက်စီးခဲ့ကြောင်း၊ ဒေသခံရွာသူ၊ ရွာသူအမြောက် အ များလည်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရ ကြောင်း သိရသည်။

“ကော်တုံရွာကလည်း တစ်ရွာလုံးနီးပါပဲ၊ ဆယ့်လေးငါးအိမ်လောက်ပဲ ကျန်တယ်၊ အောက်တက်ကုန်းလဲ အကုန်ကုန်တယ်၊ တိုက်တစ်လုံးပဲကျန်တာ၊ ဖတ်သန်းကြီးလဲ အကုန်ကုန်တယ်၊ သဖန်းကုန်းက အိမ်ခြေ ၂၀ လောက်လောင်သွားတယ်၊ အောင်တက်ကုန်းကလည်း အိမ်ခြေ ၂၀ လောက်ရှိတယ်၊ စစ်ခွေးတွက တမင်သက်သက်ဝင်ပြီး မီးရှို့သွားတာ၊ တိုက်ပွဲလဲ မဖြစ်ပဲနဲ့” ဟု ဗိုလ်ကျားကြီး(Bo Tiger) တပ်ဖွဲ့မှ ဗိုလ်နေမင်း ကပြောကြားသည်။

ယခုအခါယင်းအကြမ်းဖက်စစ်သားများသည် မကျည်းတုံရွာ၊ တိုက်ကုန်းရွာများမှ တဖန် တခေါင်းမင်းရွာထဲသို့ ပြန်လည်ဝင်ရောက်ကာ မီးရှို့နေကြောင်း၊ ဗိုလ်ကျားကြီး ဟု ဗိုလ်ကျားကြီး (Bo Tiger) တပ်ဖွဲ့အနေဖြင့် ယင်းအကြမ်းဖက်စစ်သားများကို ခုခံတိုက်လိုသော်လည်း လက်နက်ကြီးကျည်ကုန်နေသဖြင့် ပြန် လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article