28 C
Yangon

ဟားခါးမြို့ပေါ် ပစ်ခတ်မှု စစ်သား ၂ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်း ဆည်း ရရှိ၊ ကွတ်ခိုင်တွင် KIA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်၊ ရေးမြို့ တွင် လည်း စစ်တပ်ကို မိုင်း ဖြင့် တိုက်ခိုက်

Must read

ဟားခါးမြို့ပေါ် ပစ်ခတ်မှု စစ်သား ၂ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်း ဆည်း ရရှိ၊ ကွတ်ခိုင်တွင် KIA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်၊ ရေးမြို့ တွင် လည်း စစ်တပ်ကို မိုင်း ဖြင့် တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၂၅

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဟားခါးမြို့၊ ကျောက်ဘုတ်ရပ်ကွက်တွင်စစ်သား ၂ ဦးကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးသွားပြီး သေနတ်တစ်လက် သိမ်းဆည်း ရရှိခဲ့ကြောင်း CDF – Hakha တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်း စစ်ကောင်စီ တပ်သားများ အထိုင် ချတပ်စွဲထားသည့်နေရာသို့ ထမင်းလိုက်ပို့နေသော စစ်သား ၂ ဦးကို CDF – Hakha တပ်ဖွဲ့ဝင်များက ကြားဖြတ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ သေဆုံး သွား ခြင်း ဖြစ်ပြီး ၎င်းတို့ကိုင်ဆောင်လာသော သေနတ်တစ်လက်ကို သိမ်း ဆည်း ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် KIA နှင့် စစ်ကောင် စီ တပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား ကြောင်း KIA သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဇန်နဝါရီ ၂၅ ရက်နေ့ ၊ နံနက် ၁၀ နာရီ ၃၀မိနစ်အချိန် ရှမ်းပြည်နယ်​​မြောက် ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ပါချီး​ကျေးရွာထိပ် ပါဂျူလမ်းဆုံ တဝိုက်နေရာသို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ကို KIA တပ်က ၀ိုင်းဝန်းတိုက်ခိုက်ရာ စစ်တပ်ဘက်မှ သေဆုံးမှု များပြားကြောင်း၊ အင်အား ၄၀ ခန့်ရှိသော စစ် ကြောင်း ကို ကြားဖြတ် ​စောင့်ကြိုတိုက်ခိုက်​အောင်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ သေဆုံးမှု များပြားသဖြင့် ယနေ့ နံနက် ၁၁ နာရီအချိန် ကွတ် ခိုင်ဗျူဟာကုန်း တပ်မှ စစ်တပ်က လက်နက်ကြီးများရမ်းသမ်းပစ်ခတ်​နေ​ကြ​ကြောင်းလည်း သိရှိရသည်။

ထို့ပြင် မွန်ပြည်နယ်၊ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်ရှိ ပညာရေးမှူးရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယနေ့နံနက်ပိုင်း မိုင်းဖောက်ခွဲတိုက်ခိုက် ခဲ့ ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂၅ ရက် နေ့ ၊ နံနက် ၄ နာရီခွဲခန့်အချိန် ရေးမြို့ ပညာရေးမှူးရုံး တွင် တပ်စွဲထားသော စစ်တပ်ကို ရာမညပြောက်ကျားအဖွဲ့ (R.G.F)က မိုင်း ဖြင့် ဖောက်ခွဲ၍ ဘေးကင်းစွာ ပြန်ဆုတ်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- CDF ဟားခါးအဖွဲ့က သိမ်းဆည်းရမိသော စစ်ကောင်စီတပ်သား၏ သေနတ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article