29 C
Yangon

အသံတိတ် သပိတ်ကို ဖျက်ဆီးရန် အတွက် ဝန်ကြီးဌာန ရုံးချိန်များ နှင့် ကျောင်းချိန် များကို စစ်တပ်က ဖုန်းဆက်၍ ပြောင်းလဲခိုင်း ၊ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီ အတွင်း လမ်းပေါ်တွင် လူရှိစေရန်အတွက် ဝန်ထမ်းများနှင့် စည်ပင် ကို လမ်းလျှောက်ခိုင်း

Must read

အသံတိတ် သပိတ်ကို ဖျက်ဆီးရန် အတွက် ဝန်ကြီးဌာန ရုံးချိန်များ နှင့် ကျောင်းချိန် များကို စစ်တပ်က ဖုန်းဆက်၍ ပြောင်းလဲခိုင်း ၊ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီ အတွင်း လမ်းပေါ်တွင် လူရှိစေရန်အတွက် ဝန်ထမ်းများနှင့် စည်ပင် ကို လမ်းလျှောက်ခိုင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၁

နွေဦးတော်လှန်ရေး ၂ နှစ်ပြည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြုလုပ်မည့် အသံ တိတ်သပိတ်ကို ဖျက်ဆီးရန်အတွက် ဝန်ကြီးဌာန ရုံးချိန်များ၊ ကျောင်း ချိန် များကို စစ်တပ်က ဖုန်းဆက်၍ ပြောင်းလဲခိုင်းလိုက်ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအတွင်း လမ်းမများပေါ်တွင် လူရှိနေ စေရေး အတွက် ဝန်ထမ်းများကို လမ်းလျှောက်ခိုင်းထားကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီ အသံတိတ် သပိတ် ပြုလုပ်မည့် အချိန်တွင် လမ်းပေါ်တွင် လူရှိနေစေရေးအတွက် နေပြည်တော် သမဝါယမဝန်ကြီးဌာနနှင့် တစ်နိုင်ငံလုံးရှိ ပြည်နယ်/တိုင်း/မြို့နယ် သမဝါယမ ရုံးများတွင် ရုံးချိန်ကို နံနက် ၁၀ နာရီ ၃၀ မိနစ်မှ မွန်းတည့် ၁၂ နာရီ အထိ ပြောင်း လဲသတ်မှတ်ကြောင်း၊ ရုံးချိန် ပြောင်းလဲမှုသည် ဖေဖော်ဝါရီလ ၁ ရက် နေ့ တစ်ရက်တည်းအတွက်ဖြစ်‌ပြီး ရုံးသို့ လမ်းလျှောက်လာပြီး ရုံးအပြန် တွင်လည်း လမ်းလျှောက်ပြန်ရန် ဖုန်းဖြင့် ယနေ့ ညနေပိုင်း ညွှန်ကြားချက် ထုတ်ပြန်ကြောင်း သိရှိရသည်။

“သမဝါယမဦးစီးဌာနရုံးချုပ်နေပြည်တော်မှ ညွှန်ချုပ် အောင်သူရက ပြည် နယ်/တိုင်းသမဝါယမရုံးများမှတဆင့် မြို့နယ်ရုံးများသို့ Silent Strikeနေ့မှာ ရုံးချိန်ကို နံနက် ၉ နာရီ ၃၀ မိနစ်မှ ညနေ ၄ နာရီ ၃၀ မိနစ် အစာ နံနက် ၁၀ နာရီ ၃၀ မိနစ်မှ မွန်းတည့် ၁၂ နာရီ အထိသာ ရုံးတက်ရန် ဖုန်းနဲ့ ညွှန်ကြား ချက်ပေးပါတယ်။ အဲဒီညွှန်ကြားချက်ကို ရန်ကုန်တိုင်းသမဝါယမ ဦးစီးဌာနမှူး ရုံး(နတ်မောက်လမ်း)မှ ဒေါ်အေးသူမြင့်၊ ဒုတိယတိုင်းဦးစီးမှူး (ဒုတိယညွှန်ကြား ရေးမှူး၊ယခင်MRTVတွင်လုပ်ခဲ့ပြီးသ/မသို့ပြောင်းလာသူ) က မြို့နယ် ဦးစီး အရာရှိ တွေကို ဖုန်းနဲ့ ထပ်ဆင့်ညွှန်ကြားပါတယ်။ ညွှန်ကြားချက်တွေကို ရုံး Viber groupမှာ အရေးပေါ် ညွှန်ကြားချက် အဖြစ် ထည့်ထားပါတယ်။ အခြား ဝန်ကြီးဌာန ရုံးတွေအားလုံးလည်း အတူတူပဲ” ဟု သမဝါယမ ဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် အခြေခံပညာကျောင်းများတွင်လည်း ကျောင်းတက်ချိန်ကို အပြောင်း အလဲ ပြုလုပ်ပြီး ကျောင်းတက်ချိန် တစ်ချိန်တည်း ရှိသော ကျောင်းများကို နံနက် ၁၀ နာရီ ၃၀ မိနစ်မှ မွန်းတည့် ၁၂ နာရီ အထိ တစ်ချိန်၊ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်မှ ညနေ ၂ နာရီ ၃၀ မိနစ်အထိ တစ်ချိန် ကျောင်းတက် ကျောင်း ဆင်း ပြုလုပ်ရန် ဖုန်းဖြင့် ညွှန်ကြားချက်များ ထွက်ရှိလာကြောင်း သိရှိရသည်။

ထို့ပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ထောင်ချီရှိနေသော စည် ပင် ဝန်ထမ်းများအားလုံးကို အရပ်ဝတ်များ၊ စည်ပင် ဝတ်စုံများ များ ဝတ် ဆင်၍ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ စည်ပင်လုပ်ငန်းများ လုပ်ဆောင် ရန်၊ အလုပ်မရှိသူများက လမ်းလျှောက် သွားလာကြရန် ညွှန်ကြားချက် ထုတ် ထား ကြောင်း သိရှိရသည်။

“မနက်ဖြန်ကျရင် ကျတော့်အကိုအပါအဝင် ဈေးခွန်ကာက် ဝန်ထမ်းတွေကို ရုံးယူနီဖောင်း အပြည့်အစုံနဲ့ဝတ်ပြီး ဈေးခွန်တွေ‌လိုက်ကောက်ခိုင်းပါတယ်။ မနက် ဖြန် နံနက် ၁၀ နာရီကနေ ရန်ကုန်မြို့ အလုံမှာ ဈေးအခွန်လိုက် ကောက် ခိုင်းတယ်။ နေ့စား ဝန်ထမ်း တွေ မနက်ဖြန်မလာရင် အလုပ်ဖြုတ် မယ်။ ဝန်ထမ်းတွေ မလာရင်တော့ CDM ဆိုပြိး အရေးယူမယ်။ အလုံမြို့နယ် တစ်ခုတည်းမဟုတ်ပါဘူး။ ရန်ကုန်တိုင်း မြို့နယ်အားလုံး အဲဒီလို ညွှန်ကြား ပါတယ်။ အဓိက လမ်းပေါ်ထွက် လမ်းလျှောက်နေကြဖို့ ညွှန်ကြားတယ်” ဟု ရန်ကုန်စည်ပင်သတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် မကွေး၊ မန္တလေး၊ ပဲခူး၊ ရေနံချောင်း၊ ချောက်၊ အပါအဝင် နယ်မြို့ များအားလုံးတွင် ဆိုင်ကယ်၊ ကား များကို လိုင်စင်များ ဖမ်းဆီးခြင်း၊ ဆိုင်ကယ် များ သိမ်းယူခြင်းများ စစ်တပ်က လုပ်ဆောင်ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီတွင် အခမဲ့ လာရောက် ရွေးယူခိုင်းနေကြောင်း သိရှိရသည်။

ပဲခူးမြို့တွင်မူ ဖေဖော်ဝါရီလ ၁ ရက်နေ့ အသေးစား မာရသွန် အပြေးပြိုင်ပွဲ တစ်ခုကို ထွေ/အုပ်က စီစဉ်နေသည်ဟု သိရှိရပြီး ပွဲ ကျင်းပမည့် အသေးစိတ် အချက်အလက်များကို မသိရှိရသေးပေ။

ဖေဖော်ဝါရီလ ၁ ရက်နေ့ အသံတိတ် သပိတ်သည် ဆိုင်ပိတ်စရာမလို၊ ရုံးပိတ် စရာမလိုဘဲ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအတွင်း အပြင်မထွက်ဘဲ တိတ် ဆိတ် ငြိမ်သက်ခြင်းဖြင့် လမ်းပေါ်တွင် လူမရှိ၊ ကားမရှိဘဲ စစ်အာဏာရှင်ကို ပြည်သူများက အံတုကြမည့် သပိတ်ဖြစ်၍ ပြည်သူများ ပါဝင်ကြရန် တော်လှန် ရေး အင်အားစုများက တိုက်တွန်းထားကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article