28 C
Yangon

ဟင်္သတာမြို့နယ်၊ တလုတ္ထော်မြို့မှ စစ်တပ်သတင်းပေးဟု နာမည်ကြီးသူ ကျော်လွင် ပစ်ခတ်ခံရပြီးသေဆုံး၊ စစ်တပ်က မြို့ကို ပိတ်ဆို့ စစ်ဆေး

Must read

ဟင်္သတာမြို့နယ်၊ တလုတ္ထော်မြို့မှ စစ်တပ်သတင်းပေးဟု နာမည်ကြီးသူ ကျော်လွင် ပစ်ခတ်ခံရပြီးသေဆုံး၊ စစ်တပ်က မြို့ကို ပိတ်ဆို့ စစ်ဆေး

ရန်ကုန်၊ ဇန်နဝါရီ ၁

ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့နယ်၊ တလုတ္ထော်မြို့မှ စစ်တပ်နာမည်ကြီး ဒလန် ကျော်လွင်သည် ယနေ့ နံနက်ပိုင်း ဆိုင်ကယ်မောင်းနှင်နေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးသွားကြောင်း ဒေသပြည်သူများက ပြောသည်။

ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၈ နာရီအချိန် အင်္ဂပိုကျေးရွာအုပ်စု၊ သဲကုန်းကြီး ကျေးရွာအနီးတွင် ဆိုင်ကယ်မောင်းနှင်လာသော ကျော်လွင်ကို အမည်မသိ သေနတ် သမားက အနီးကပ် ပစ်ခတ်ရှင်းလင်းခဲ့ရာမှ သေဆုံးသွားကြောင်း သိရှိရ သည်။

“သေနတ်နဲ့ အနီးကပ် ပစ်သွားတာ၊ ကျည်ဒဏ်ရာ ၇ ချက်နဲ့ ပွဲချင်းပြီး သေသွား တယ်။ အဲဒီလူက ဒလန်စစ်စစ်မှ အရမ်းစစ်တယ်။ စစ်ခွေးတွေအတွက်ပဲ အလုပ် လုပ်နေတာ။ အခု သေပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

ကျော်လွင်သည် တလုတ္ထော်မြို့၊ အမှတ်၂ ရပ်ကွက်တွင် နေထိုင်ပြီး စစ်တပ်နှင့် ပေါင်း၍ မကောင်းမှုမှန်သမျှ အကုန်လုပ်ကိုင်ကြောင်း၊ လောင်းကစား နှင့်နှစ် လုံး ထီ၊ သုံးလုံးထီများပါ ဒိုင်လုပ်ကိုင်နေသူဖြစ်ကြောင်း၊ CDM များနှင့် တော် လှန် ရေး လူငယ်များကို ဖမ်းဆီးရာတွင် ဦးဆောင်ခဲ့သူဖြစ်ကြောင်း၊ ၎င်းကိုယ် တိုင်လည်း နွေဦးတော်လှန်ရေးနှင့်သက်ဆိုင်သူများကို စုံစမ်းထောက်လှမ်းပြီး စစ်တပ်ကို သတင်းပေးကြောင်း သိရှိရသည်။

လက်ရှိတွင် ဒလန်ကျော်လွင် အသတ်ခံရသည့်အတွက် စစ်တပ်က မြို့ကို ပိတ် ဆို့ စစ်ဆေးပြီး ပစ်ခတ်သွားသူများကို ဖမ်းဆီးရမိကြောင်း ရှာဖွေလျက် ရှိ ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article