30 C
Yangon

အုတ်ဖိုမြို့ လဝကရုံးကို ဖောက်ခွဲ တိုက်ခိုက်၊ ကနီတွင် စစ်တပ် ရိက္ခာပို့ လှည်းများကို PDF တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်

Must read

အုတ်ဖိုမြို့ လဝကရုံးကို ဖောက်ခွဲ တိုက်ခိုက်၊ ကနီတွင် စစ်တပ် ရိက္ခာပို့ လှည်းများကို PDF တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၃

ပဲခူးတိုင်း၊ အုတ်ဖိုမြို့ လဝက ရုံးကို မြို့ပြပြောက်ကျားတပ်ဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း Bago Region PDF တပ်ဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် အုတ်ဖိုမြို့၊ ချမ်းမြသာမြေရပ်ကွက်၊ ပင်းယလမ်းရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ လဝကရုံးကို အုတ်ဖိုမြို့ပြပျောက်ကြားအဖွဲ့က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုဖြစ်စဥ်အတွင်း ရုံးအတွင်းပိုင်း ထိခိုက်ပျက်စီးခဲ့ပြီး အဆိုပါ လဝက ရုံးမှ ဝန်ထမ်း ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံပြည်သူများ ထံမှသိရသည်။

အဆိုပါ လဝကရုံးသည် အကြမ်းဖက် စစ်ကောင်စီ၏ အကြီးစား ဒေါက်တိုင်ဖြစ်ပြီး မှတ်ပုံတင်ပြုလုပ်ခြင်း၊ အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းများတွင် ပြည်သူလူထုထံမှ မသမာသော‌နည်းဖြင့် ငွေကြေးအမြောက်အများ လာဘ်စားလျက်ရှိကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီက ဖွဲ့စည်းထားသော မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီတွင် လဝက ဦးစီးမှူးသည် အရေးပါသောကဏ္ဍမှ ပါဝင်ကာ ပြည်သူလူထုအား နည်းလမ်းမျိုးစုံဖြင့် ဖိနှိပ်ခြိမ်းခြောက် ဒုက္ခပေးလျက်ရှိသော ဦးစီးဌာနဖြစ်ကြောင်း Bago Region PDF က ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုတွင် ပြည်သူများ ထိခိုက်မှု မရှိစေရန် အဓိကထား လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း၊ မြို့ပြ‌ပျောက်ကြားတပ်ဖွဲ့ဝင်များမှာ ဘေးအန္တရာယ်မရှိပဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ရိက္ခာပို့ လှည်းများကို PDF တပ်ဖွဲ့များက ပစ်ခတ် တိုက် ခိုက်ခဲ့ကြောင်း အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မ‌တော် ထံမှ သိရသည်။

ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ကနီမြို့မှ အလယ်ကျွန်းရွာသို့ လှည်းယာဥ် ၃ စီးဖြင့် ရိက္ခာပို့ထွက်သည့် အင်အား ၇၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲသည် နံနက် ၈ နာရီ ၃၀ မိနစ်မှ နံနက် ၁၁ နာရီထိ ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး ကနီဆေးရုံသို့ တင်ဆောင်ထားပြီး အရေအတွက် အတည်မပြုနိုင်သေကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ရိက္ခာတင် လှည်း ၁ စီး လက်နက်ကြီးများတိုက်ရိုက် ထိမှန်ကာ မီးလောင် ပျက်စီးခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ကနီမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ကူခဲ့သောကြောင့ PDF ရဲဘော်များဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီ ၇၀ လောက်ပါတဲ့စစ်ကြောင်းကို ချေမှုန်းပြီး လက်နက်တွေရော၊ ရိက္ခာတွေရော သိမ်းမယ် ဆိုပြီး မနက် ၈ နာရီခွဲလောက်ကနေ နေ့လည် ၁၁ နာရီလောက်အထိ ဆက်တိုက်နေတာ၊ သူတို့ဘက် အထိနာတော့ ကနီမြို့အထိုင်ချထားတဲ့ စစ်ခွေးတွေက သူတို့လက်နက်တွေမပါဖို့အရေး ဘယ်သူထိထိ ဆိုပြီး လှမ်းပစ်တာ၊ သူတို့စစ်ကြောင်း ရှိနေတဲ့နေရာနားလဲ ဆော်တာပဲ။ အဲဒါကြောင့် ရဲဘော်အထိအ ခိုက်မခံနိုင်တာနဲ့ တပ်ဆုတ်လာခဲ့လိုက်တာ” ဟု DRPA ပြန်ကြားရေးအဖွဲ့ဝင် ရဲဘော်မင်းညိုက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မ‌တော်၊ ချင်းတွင်းမြစ်ဝှမ်း ဒေသ ညီနောင် မဟာမိတ်များဖြစ်သော DRPA၊ KLG တပ်မဟာ(ကျောက်လုံးကြီး) နှင့် နယ််မြေခံပကဖတို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article