39 C
Yangon

သပိတ်ကျင်း၊ ချောင်းကြီးရဲစခန်းနှင့် စစ်ကူလာသော စစ်ကားများကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး၊ တန့်ဆည်တွင်လည်း စစ်တပ် တပ်စခန်းကို ပစ်ခတ်တိုက်ခိုက်

Must read

သပိတ်ကျင်း၊ ချောင်းကြီးရဲစခန်းနှင့် စစ်ကူလာသော စစ်ကားများကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး၊ တန့်ဆည်တွင်လည်း စစ်တပ် တပ်စခန်းကို ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၅

မန္တလေး၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ပြီး စစ်ကူလာသော စစ်ကားများပါ မိုင်းဆွဲ တိုက်ခိုက်သောကြောင့် စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၄ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်တွင် ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာနယ်မြေရဲစခန်းကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးကာ ၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှု ဖြစ်ပွားနေစဥ်အတွင်း ည ၉ နာရီ ၁၅ မိနစ်တွင် ဇရပ်ကွင်းကျေးရွာမှ စစ်ကားငယ် ၂ စီးဖြင့် စစ်ကူရောက်ရှိလာစဥ် ဆင်မွှေးကျေးရွာနှင့် လိပ်ကျကျေးရွာ အကြားတွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၆ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ည ၉ နာရီ ၂၅ မိနစ်တွင် စဥ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာ ဘက်မှ စက်လက်ပါ စစ်ကား ၁ စီးဖြင့် ထပ်မံ စစ်ကူရောက်ရှိလာစဥ် ချောင်းကြီးကျေးရွာနှင့်နယ်ခြား မှတ်တိုင်အကြားတွင် ပဒေသာမိုင်း ၆ လုံးဖြင့် ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

” ရဲစခန်းကို ဝင်တိုက်တာက စစ်ခွေး ၃ ကောင်သေတယ်။ စစ်ကူလာတဲ့ စစ်ခွေးကားတွေကို ၂ ကြိမ် မိုင်းဆွဲတာ စစ်ခွေး ၃ ကောင်သေတယ်။ တိုက်ခိုက်မှု ၂ ခုပေါင်း စစ်ခွေး ၆ ကောင်သေတယ်။ ပင်လယ်ကြီး စစ်တပ် ဂိတ်စခန်းက ၆ ဘီးကား ၂ စီးနဲ့ စစ်ခွေးတွေ ထပ်ရောက်လာလို့ ကာကွယ်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ဗိုလ်လင်းယုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်လင်းယုန် တပ်ဖွဲ့ (ပြင်ဦးလွင်ခရိုင် ပကဖ)၊ ဗိုလ်ကောင်းကင် တပ်ဖွဲ့ (ပြင်ဦးလွင် ခရိုင်ပကဖ)၊ စဥ့်ကူးမြို့နယ် (ပကဖ)နှင့် Nine pdf တပ်ဖွဲ့များက ပူးပေါင်း ဆောင်ရွက်ခဲ့ကာ စဥ့်ကူးမြို့နယ် ပင်လယ်ကြီး စစ်တပ် ဂိတ်စခန်းမှ ၆ ဘီးကား ၂ စီးဖြင့် တပ်ကူထွက်လာခြင်းကြောင့် တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ဆင်ငယ်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ပျူစော ထီး များကို ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ မိုင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများပြားကြောင်း Guerilla Warfare –KPK ထံမှ သိရသည်။

ဇန်နဝါရီလ ၅ ရက် နံနက် ၆ နာရီခန့်က အင်အား ၁၄၀ ခန့်ဖြင့် ဆင်ငယ်ရွာမှ ကျွန်းတောကုန်းရွာ ဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ကျွန်းတောကုန်းရွာအဝင်တွင် အသင့် ပြင်ဆင်ထားသော တိုက်မိုင်း ၆ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးများပြားကြောင်း သိရသည်။

တိုက်မိုင်းမိပြီး ကျန်ရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများသည် ကျွန်တောကုန်းရွာကို ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးပြီး ရွာအနောက်ဘက်ရှိ မူးဘောင်သို့ ထက်မံထွက်လာရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ဖြစ်သည်ဟု ဆိုသည်။

ယင်းအကြမ်းဖက်စစ်သား၊ ပျူစောထီးများသည် ကျွန်းတောကုန်းရွာအတွင်းပြန်လည်ဆုတ်ခွာသွားပြီး အင်္က္ကုကားကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာလာရာ တိုက်မိုင်း ၂ လုံးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ရာ အထိနာသွားပြီး ဒဏ်ရာရ အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ကားနှစ်ဖြင့် သယ်ယူသွားကြောင်း Guerilla Warfare-KPK အဖွဲ့ထံမှ သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Guerilla Warfare-KPK ၊ TSR ၊ Taze Tiger ၊ PLA ၊ PRLF၊ မိုးကြိုးမုန်တိုင်း တပ်ဖွဲ့ ၊ ပကဖနှင့် ပလဖများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article