33 C
Yangon

ညစ်ညမ်းဗီဒီယိုရိုက်ကူးသူ၊ ပြည့်တန်ဆာများ၏ အငှားခင်ပွန်းအဖြစ် ဟန်ဆောင်ပေးသူဘ၀မှ ဝီရသူ ၏ အနီးကပ်လုံခြုံရေး ၊ အမျိုးသားရေး အစွန်းရောက်ဖြစ်လာသူ ညောင်ကန်(ခ) ကိုကိုမောင်

Must read

ညစ်ညမ်းဗီဒီယိုရိုက်ကူးသူ၊ ပြည့်တန်ဆာများ၏ အငှားခင်ပွန်းအဖြစ် ဟန်ဆောင်ပေးသူဘ၀မှ ဝီရသူ ၏ အနီးကပ်လုံခြုံရေး ၊ အမျိုးသားရေး အစွန်းရောက်ဖြစ်လာသူ ညောင်ကန်(ခ) ကိုကိုမောင်

By ဟိဏ်းဝေယံ

အကြမ်းဖက်စစ်တပ်က လက်သက်မွေးပြီး အာဏာသိမ်းဖို့အရေး အသုံးချခဲ့တဲ့ မဘသ အစွန်း ရောက်တွေ၊ အမျိုးသားရေး အမည်ခံကာ ငွေကြေးလုပ်စားသူတွေအကြောင်း ပြည်သူများသိရှိနိုင်စေဖို့ ဖော် ထုတ် ရေးသားနေရာမှာ ဒီတစ်ပတ်တော့ ညစ်ညမ်းဗီဒီယိုရိုက်ကူးသူ ၊ ပြည့်တန်ဆာတွေရဲ့ အငှားခင်ပွန်းဟန်ဆောင်ပေးသူ အဖြစ်ကနေ ဝီရသူရဲ့ အနီးကပ်လုံခြုံရေး ၊ အမျိုးသားရေး အစွန်း ရောက် ညောင်ကန်(ခ) ကိုကိုမောင် အကြောင်း တင်ပြပါ့မယ်။

မဘသ နဲ့ အမျိုးသားရေး အစွန်းရောက်တွေဟာ ငွေကြေးအတွက် စစ်တပ်ထောက်ခံပြီး ငွေကြေး လုပ်စားနေသူတွေပါ။ ဘယ်အလုပ်မှ လက်ကြောမတင်းဘဲ မကောင်းတာမှန်သမျှ အကုန်လုပ် စားခဲ့သူတွေဘ၀ကနေ စစ်တပ်က အလွယ် တကူ ထုတ်ပေးတဲ့ ငွေကြေးကို ရယူကာ တိုင်းပြည်ကို နင်းချေဖျက်ဆီးခဲ့ကြတာကို သက်သေတွေနဲ့တကွ ထုတ်ဖော် ရေးသားနေတာပါ။

ညောင်ကန်(ခ) ကိုကိုမောင်ဆိုတာဟာ ဝီရသူ ရဲ့ ရန်ကုန် တရားပွဲတွေနဲ့ နိုင်ငံရေး ဟောပြောပွဲတွေမှာ လုံခြုံရေး ယူပေးတဲ့ လုံခြုံရေးခေါင်းဆောင်ဖြစ်ပါတယ်။

ဝင်းကိုကိုလတ် ခေါ် ဖိုးလောင်တီး က ညစ်ညစ်မ်း စာပေရေးသားနေရာက ဝီရသူနဲ့တွေ့ပြီး အမျိုးသား ရေးသမားဖြစ် လာသလို အခု ညောင်ကန်(ခ) ကိုကိုမောင်ကလည်း အမျိုးသား ရေး အစွန်း ရောက် ဘ၀ မရောက်ခင်က ပြည့်တန်ဆာတွေရဲ့ အငှားခင်ပွန်း၊ ညစ်ညမ်း ဗီဒီယိုရိုက်ကူး ရောင်းစား သူဖြစ်ပါတယ်။

မြောက်ဒဂုံမှာနေထိုင်တဲ့ ညောင်ကန်(ခ) ကိုကိုမောင် အမျိုးသားရေးအစွန်းရောက် မဖြစ်လာခင်မှာ လုပ်ကိုင်တဲ့ အလုပ်က ပြည့်တန်ဆာတွေ စုပေါင်း ငှားနေတဲ့ အိမ် သို့မဟုတ် ပြည့်တန်ဆာ တွေနဲ့ ဆက်ဆံလို့ရတဲ့ အိမ်တွေကို ရဲဝင်ဖမ်းရင် ပြည့်တန်ဆာ အလုပ်လုပ်နေတာမဟုတ်ဘဲ ယောကျ်ား နဲ့ နေနေတာဖြစ်ကြောင်း သက်သေပြနိုင်ရန် အတွက် ပြည့်တန်ဆာတွေရဲ့ အငှားခင်ပွန်းအဖြစ် နေထိုင်ပေးရတဲ့ အလုပ်ကို အဓိက လုပ်ကိုင်တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် သူကိုယ်တိုင်လည်း ပြည့်တန်ဆာတွေနဲ့ အတူနေပြီး ဗီဒီယိုရိုက်ကူးပြီး မြန်မာ ညစ်ညမ်း ဗီဒီယိုဆိုပြီး ရောင်းစားတာမျိုးတွေလည်းလုပ်ပါတယ်။ သူ့ဗီဒီယိုတွေကို နာမည်ကြီး အပြာWebsite တချို့မှာရှိနေပါသေးတယ်။

ညောင်ကန်(ခ) ကိုကိုမောင်က အမျိုးသားရေးအစွန်းရောက် အဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာအမျိုးသားရေးအစည်းအရုံး(MNO) အဖွဲ့မှာလည်း ပါဝင်သူ ဖြစ်ပါတယ်။ သူ့ကို အမျိုးသား ရေး ခေတ်ဦးသမားလို့ ပြောလို့ရပါတယ်။

ရန်ကုန် အမျိုးသားရေးအစွန်းရောက် လောကမှာ လူဦးရေ လက်ချိုးရေလို့ရတဲ့အချိန်ကတည်းက စစ်တပ်ထောက်ခံတဲ့ အမျိုးသားရေး အဖြစ် ပါဝင်နေခဲ့တာပါ။ ယုံကြည်ချက်ကြောင့်မဟုတ်ပါဘူး။ ငွေရလို့ဖြစ်ပါတယ်။

အမျိုးသားရေးအစွန်းရောက် လောကရဲ့ ထိပ်သီး တွေဖြစ်တဲ့ သာကေတ လူမိုက် တင်လင်းထိုက် ခေါ် လင်းလင်း ၊ ဝင်းကိုကိုလတ်(စွေစောင်း ၊ အပြာဆရာရေးဆရာ ဖိုးလောင်တီး) နဲ့လည်း အမြဲအတူ သွားလာသောက်စား နေသူလည်းဖြစ်ပါတယ်။

ဝင်းကိုကိုလတ်နဲ့ ညောင်ကန်(ခ) ကိုကိုမောင်က အရင်ညစ်ညမ်းစာပေ၊ ဗီဒီယိုတွေ ရိုက်ကူးချိန် ကတည်းက ခင်မင်ရင်းနှီးခဲ့ကြတဲ့ ငယ်ပေါင်းကြီးဖော်တွေလည်းဖြစ်ပါတယ်။

ဝင်းကိုကိုလတ် က အွန်လိုင်းမှာ ပြည့်တန်ဆာတွေနဲ့ ချိတ်ဆက်ရှာဖွေပေးတဲ့အလုပ်လုပ်နေချိန်မှာ ညောင်ကန်(ခ) ကိုကိုမောင်ကလည်း ဝင်းကိုကိုလတ်ကို ကူညီ ချိတ်ဆက်ရှာပေးရင်း အကျိုးတူ အလုပ် လုပ်ကြပါတယ်။ ဖာခေါင်း အလုပ်ကို အတူတွဲလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။

ညောင်ကန် ခေါ် ကိုကိုမောင် ရဲ့ ညစ်ညမ်း လိင်ကိစ္စ စိတ်ဝင်စားမှုက အမျိုးသားရေး အစွန်းရောက် ဖြစ်လာချိန်မှာလည်း ငြိမ်သက်မသွားခဲ့ပါဘူး။

ဓမ္မစကူးလ် ဆရာမ တစ်ယောက်ကို ကြိုက်နှစ်သက်ဟန်ဆောင်ပြီး တည်းခိုခန်းမှာ အတူနေပါတယ်။ အဲဒီလို အတူနေခဲ့တာကို ဗီဒီယို ခိုးရိုက်ပြီး အွန်လိုင်းပေါ်က အပြာဝက်ဆိုဒ်တွေမှာ ပြန်လည် ရောင်းချခဲ့ပါတယ်။ အဲဒီလိုပဲ အခြားသောအမျိုးသမီးငယ်တွေကို လည်း ကြိုက်နှစ်သက် ချင်ယောင် ဆောင်ကာ အတူနေထိုင်ပြီး ဗီဒီယိုရိုက်ကူး ရောင်းစားတာတွေ အခုထက်ထိကို လုပ်နေတုန်းပါပဲ။

လက်ရှိအချိန်မှာတော့ ညောင်ကန်(ခ) ကိုကိုမောင်က စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူ လူငယ် တွေကို အဓိက ပစ်မှတ်ထား ရှာဖွေ ဖမ်းဆီးတဲ့အလုပ်ကို လုပ်ကိုင်နေပါတယ်။

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး မဘသ၊ အမျိုးသားရေး ကြွေးကြော်နေကြသူတွေဟာ မကောင်းမှုမှန်သမျှ အကုန်လုပ်ရင်း စစ်တပ်အသုံးချခံဘ၀ကို ငွေရယူ ကျေကျေနပ်နပ်ခံယူခဲ့ကြတဲ့ ဒုစရိုက်သမားတွေဆိုတာ ပေါ်လွင်နေပြီ ဖြစ်ပါတယ်။

(Facebook ရဲ့ လူမှုကွန်ရက် စည်းမျဉ်းစည်းကမ်းတွေအရ သူနဲ့ပတ်သက်တာတွေကို အသေးစိတ် ဖော်ပြဖို့ ခက်ခဲတာမို့ တယ်လီဂရမ်မှာ သွားရောက် အသေးစိတ်ကြည့်နိုင်ပါတယ်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article