36 C
Yangon

ပုသိမ်ထောင်တွင် နိုင်ငံရေးအကျဉ်းသား ၂ ဦးကို စစ်တပ်နှင့်ရဲက ပစ်ခတ်သတ် ဖြတ်ပြီးနောက် နိုင်ငံရေးအကျဉ်းသား ၇၀ ဦးကျော်ကို ရဲစခန်းမှူးကျော်ဦး ခေါင်း ဆောင်ပြီး ရိုက်နှက်နေ၊ ဆေးရုံကား ၃ စီးထက်မနည်းဝင်သွား

Must read

ပုသိမ်ထောင်တွင် နိုင်ငံရေးအကျဉ်းသား ၂ ဦးကို စစ်တပ်နှင့်ရဲက ပစ်ခတ်သတ် ဖြတ်ပြီးနောက် နိုင်ငံရေးအကျဉ်းသား ၇၀ ဦးကျော်ကို ရဲစခန်းမှူးကျော်ဦး ခေါင်း ဆောင်ပြီး ရိုက်နှက်နေ၊ ဆေးရုံကား ၃ စီးထက်မနည်းဝင်သွား

ရန်ကုန်၊ ဇန်နဝါရီ ၇

ဧရာဝတီတိုင်း၊ ပုသိမ် အကျဥ်းထောင်တွင် ယမန်နေ့ စစ်တပ်နှင့် ရဲ များ၏ ရိုက်နှက်၊ဝင်ရောက်ပစ်ခတ်မှု ကိုဝေယံဖြိုး(ခ)ရာစု ၊ ဝင်းမင်းထက် (ခေါ်) မဲကြီးတို့ ၂ ဦးသေဆုံးခဲ့ပြီးနောက် ယနေ့တွင် နိုင်ငံရေးအကျဉ်းသား ၇၀ ဦး ကျော်ကို စစ်တပ်နှင့်ရဲက ရိုက်နှက်နေကြောင်း၊ ဒဏ်ရာရသူများကို ဆေးရုံ ကား ၃ စီးထက်မနည်းဖြင့် သယ်ယူနေ ကြောင်း ပုသိမ်ထောင်သတင်း ရင်းမြစ်က ပြောသည်။

ဇန်နဝါရီလ ၅ ရက်နေ့ ညပိုင်းတွင် မဲကြီး(ခ) ဝင်းမင်းထက် ထံမှ ဖုန်း ၁ လုံး သိမ်း ဆည်းရမိသည်ဆိုသည့် စွပ်စွဲချက်ဖြင့် အကျဥ်းဦးစီး ဝန်ထမ်းများက မဲ ကြီး ခေါ်ဆောင်ရိုက်နှက်ခဲ့ကြောင်း၊ ဇန်နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် အကျဥ်း သားများက မဲကြီး(ခ) ဝင်းမင်းထက်ကို ပြန်လွှတ်ပေးရန် တောင်းဆို ရာမှ ထောင် ဆူမှု ဖြစ်ပွားခဲ့ကြောင်း၊ ထောင်ဆူပူမှုကို စစ်တပ်နှင့်ရဲများက အကြမ်း ဖက် နှိမ်နင်းသည့်အတွက် ကိုဝေယံဖြိုးက ဦးခေါင်းပွင့်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရှိရသည်။

“ဖုန်းမိလို့ဆိုပြီး မဲကြီး(ခ) ဝင်းမင်းထက်ကို ခေါ်စစ်တာ။ အခု အရိုက်ခံရပြီး သေဆုံးပါတယ်။ အလောင်းပြန်မပေးဘူး။ နောက် ကိုဝေယံဖြိုး(ခ)ရာစုက သေနတ်နဲ့ပစ်လို့ နောက်စေ့ပွင့်ပြီး ဆုံးပါတယ်။ အလောင်း ၂ လောင်း ပြန်မပေးဘူး။ အခု နိုင်ငံရေးအကျဉ်းသား ၇၀ ကျော်ကို အဆောင် ၂ မှာ စရဖတွေရော ရဲတွေရော ထောင်ဝန်ထမ်းတွေရော ဝင်ရိုက်နေတယ်။ အဲဒီအသံတွေကြားနေရတယ်။ အကျဉ်းသား ၇၀ ကျော်ကို ကတုံးတွေလည်း တုံးထားတယ်။ ပုသိမ်ထောင် ကယ်မယ့်သူမရှိတော့ဘူး။ ဆေးရုံကားတွေ တောက်လျှောက်ဝင်နေတယ်။ အကျဉ်းသားတွေကို ဦးဆောင်ရိုက်နေတာက ရဲစခန်းမှူး ကျော်ဦးပါ” ဟု ပုသိမ်ထောင်သတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် ယမန်နေ့ ထောင်တွင်း စစ်တပ်နှင့်ရဲ၏ အကြမ်းဖက် ပစ်ခတ်မှု များ ကြောင့် ဒဏ်ရာရရှိသူ ၄ ဦးကိုလည်း ဆေးရုံတွင် ရဲနှင့်စစ်တပ်က လုံခြုံရေး အပြည့်ဖြင့် စောင့်ကြည့်နေကြောင်း၊ ဒဏ်ရာရသူများသည် အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article