ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ ကတုံးပေါ် နယ်မြေရဲစခန်း ဝင်စီးခံရပြီး စခန်း မီးရှို့ခံရ၊ ရဲများသေဆုံးမှုရှိဟုဆို
ရန်ကုန်၊ ဇန်နဝါရီ ၈
ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ ကတုံးပေါ်နယ်မြေရဲစခန်းကို ယနေ့ နံနက် ၄ နာရီဝန်းကျင်အချိန်တွင် ဝင်ရောက်စီးနင်းမှုဖြစ်ပွားပြီး ရဲစခန်းကိုပါ မီးရှို့သွား ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရန်ကုန်တိုင်း၊ သုံးခွအပိုင် ခရမ်းမြို့နှင့်အစပ် ကတုံးပေါ် နယ်မြေရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခြင်းဖြစ်ပြီး ရဲ စခန်း ကိုဝင်ရောက်စီးနင်းမီးရှို့သွားကြောင်း၊ ရဲများသေဆုံးမှုရှိပြီး လက်နက်များ ပါသွားသည်ဟု သိရှိရကြောင်း ဒေသ ပြည်သူတစ်ဦးက ပြောသည်။
“သုံးခွမြို့ ကတုံးပေါ် ကျေးရွာ ရဲစခန်းမှာ ပစ်ခတ်မှုတွေဖြစ်ပြီး ရဲစခန်း မီး လောင် သွားတယ်။ လက်နက်တွေလည်းပါတယ်လို့ အခုမနက်မှာကြားတယ်။ ဖြစ်တာက နံနက် ၄ နာရီဝန်းကျင်၊ ၄ ခွဲလောက်ဖြစ်မယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
လက်ရှိတွင် စစ်တပ်က သုံးခွဲမြို့၊ ကတုံးပေါ် ကျေးရွာ နယ်မြေရဲစခန်း ပတ်ဝန်း ကျင်တစ်ခုလုံးကို ပိတ်ဆို့ထားကြောင်း၊ ကျေးရွာများမှ ရွာအုပ်ချုပ်ရေး အဖွဲ့ များကို ဆင့်ခေါ်ပြီး မသင်္ကာဖွယ်ရာ လှုပ်ရှားမှုများ နှင့်ပတ်သက်၍ မေးမြန်း နေကြောင်း၊ ရွာချင်းဆက် လမ်းဆုံလမ်းခွများကိုလည်း ပိတ်ဆို့ရန် ပြင်ဆင်နေ ကြောင်း သိရှိရသည်။
ရန်ကုန်မြို့ပြပျောက်ကျားတပ်ဖွဲ့တစ်ခုကမူ ကတုံးပေါ် နယ်မြေရဲစခန်း မစ်ရှင် သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပကဖအဖွဲ့မစ်ရှင်ဖြစ်ပြီး အသေး စိတ်ကို သက်ဆိုင်ရာက တရားဝင် ထုတ်ပြန်လိမ့်မည်ဟု ပြောဆိုသည်။
