29 C
Yangon

ပုသိမ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ဝင်းမင်းထက်(ခ) မဲကြီး ၏ ရုပ်အလောင်းကို ယမန်နေ့ သဂြိုလ်

Must read

ပုသိမ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ဝင်းမင်းထက်(ခ) မဲကြီး ၏ ရုပ်အလောင်းကို ယမန်နေ့ သဂြိုလ်

ရန်ကုန်၊ ဇန်နဝါရီ ၉

ဧရာဝတီတိုင်း၊ ပုသိမ် အကျဥ်းထောင်တွင် ဇန်နဝါရီလ ၆ ရက်နေ့ စစ်တပ်နှင့် ရဲ များ၏ ရိုက်နှက်၊ဝင်ရောက် ပစ်ခတ်မှု ကိုဝေယံဖြိုး(ခ)ရာစု ၊ ဝင်းမင်းထက် (ခေါ်) မဲကြီးတို့ ၂ ဦးသေဆုံးခဲ့ပြီးနောက် ဇန်နဝါရီလ ၈ ရက်နေ့တွင် မဲကြီး(ခ) ဝင်းမင်းထက်၏ အလောင်းကို သဂြိုလ်လိုက်ကြောင်း အကျဉ်းထောင်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဇန်နဝါရီလ ၅ ရက်နေ့ ညပိုင်းတွင် မဲကြီး(ခ) ဝင်းမင်းထက် ထံမှ ဖုန်း ၁ လုံး သိမ်း ဆည်းရမိသည် ဆို သည့် စွပ်စွဲချက်ဖြင့် အကျဥ်းဦးစီး ဝန်ထမ်းများက မဲ ကြီးကို ခေါ်ဆောင်ရိုက်နှက်ခဲ့ကြောင်း၊ ယင်း သို့ ခေါ်ယူရိုက်နှက်စဉ်မှာပင် မဲကြီး(ခ) ဝင်းမင်းထက်မှာ သေဆုံးခဲ့ကြောင်း၊ ဇန်နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် အကျဥ်း သားများက မဲကြီး(ခ) ဝင်းမင်းထက်ကို ပြန်လွှတ်ပေးရန် တောင်းဆို ရာမှ ထောင် ဆူမှု ဖြစ်ပွားခဲ့ကြောင်း၊ ထောင်ဆူပူမှုကို စစ်တပ်နှင့်ရဲများက အကြမ်း ဖက် နှိမ်နင်း သည့်အတွက် နိုင်ငံရေးအကျဉ်းသား ကိုဝေယံဖြိုးသည် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ဦးခေါင်း ပွင့်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် ကိုဝေယံဖြိုးအလောင်းကို သဂြိုလ်ခဲ့ကြောင်း သိရှိရသည်။

“ဝင်းမင်းထက်(ခ) မဲကြီးရုပ်အလောင်းကို မနေ့(ဇန်နဝါရီလ ၈ ရက်နေ့)က သဂြိုလ်ပါတယ်။ စစ်ခွေး၊ ရဲခွေးတွေက သဂြိုလ်တာပါ။နောက်ပြီး ပုသိမ်ထောင်မှာ နိုင်ကျဉ်းအားလုံးကို ခေါင်းတုံးတုံးလိုက်တယ်။ ထောင်ပိုင် နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်ပြီးလုပ်တာ။ တကယ့်ကို နိုင်ငံရေး အကျဉ်း သားတွေ အတွက် ကယ်ကူ ရာမဲ့အခြေအနေပါ။ အရိုက်ခံထားရတာတွေအများကြီးပဲ” ဟု ပုသိမ်ထောင် သတင်း ရင်း မြစ်က ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article