38 C
Yangon

ယောဒေသတွင် စစ်တပ်၏ တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကျဆုံးသွားသော CNA ရဲဘော်များအတွက် ဆုတောင်းပွဲ ပြုလုပ်

Must read

ယောဒေသတွင် စစ်တပ်၏ တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကျဆုံးသွားသော CNA ရဲဘော်များအတွက် ဆုတောင်းပွဲ ပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ချင်းပြည်နယ်နှင့်အိန္ဒိယနယ်စပ်ရှိ ချင်းအမျိုးသားတော်လှန် ရေးတပ်ဦး (CAN/CNF) ဌာနချုပ်စခန်းကို အကြမ်းဖက်စစ် တပ်က တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့သော CNA ရဲဘော် ၅ ဦးအတွက် ယောဒေသတွင် ဆု တောင်းပွဲပြုလုပ်ခဲ့ကြောင်း The Youth Force- Saw& Kyaukhtu ထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၁၁ ရက် ည ၁၀ ခန့်တွင် ယောဒေသအတွင်းရှိ ချင်း၊ ဗမာ၊ ယောစသည့် တိုင်းရင်းလူမျိုးပေါင်းစုံ စုပေါင်း ၍ ကြွေလွင့်သွားသော CAN/CNF ရဲဘော်များအတွက် ဆု တောင်းပေးခြင်း၊ ကမ္ဘာ မကြေ သီချင်းကို သံပြိုင်သီဆိုခြင်း၊ စစ်အာဏာရှင် ဆန့်ကျင်ရေးကြွေးကြော်သံများ ကြွေးကြော်ခြင်းတို့ကို ပြုလုပ်ကြကြောင်း သိရသည်။

အဆိုပါဆုတောင်းပွဲအခမ်းအနားသို့ ဂန့်ဂေါခရိုင် အမှတ် ၁၃ တပ်ရင်း The Youth Force- Saw& Kyaukhtu တပ်ဖွဲ့ဝင် ရဲဘော်များက လုံခြုံရေး ယူပေးခဲ့ ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article