28 C
Yangon

ရေဖြူတွင် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီးနောက် အမည်မသိ ရုပ်အလောင်း ၂ လောင်းကို ကျေးရွာ အနီးအနားတွင် စွန့်ပစ်

Must read

ရေဖြူတွင် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီးနောက် အမည်မသိ ရုပ်အလောင်း ၂ လောင်းကို ကျေးရွာ အနီးအနားတွင် စွန့်ပစ်

ရန်ကုန်၊ ဇန်နဝါရီ ၁၂

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီးနောက် အမည်မသိ အလောင်း ၂ လောင်းကို ကျေးရွာ အနီးအနားတွင် လာရောက် စွန့်ပစ်သွားကြောင်း နယ်မြေခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ရေဖြူမြို့နယ်၊ ပိတောက်ကုန်းရွာတွင် နေထိုင်သော ပျူစောထီး ခေါင်းဆောင် ကျော်ဝင်းကို ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) ရဲဘော်များက ၎င်းနေအိမ်တွင်ပင် ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်ခံရသော ကျော်ဝင်းသည်လက်ရှိတွင် ဆေးရုံ တင်ထားရ​ကြောင်း သိရသည်။

ပစ်ခတ်ခံရသော ပျူစောထီး ခေါင်းဆောင် ကျော်ဝင်းသည် လက်နက်ကိုင် ပျူစောထီး တစ်ဦးဖြစ်ကာ ရွာခံများကိုခြိမ်းခြောက်ခြင်း၊ စစ်ကြေးတောင်းခြင်း၊ ရွာခံများကို စစ် တပ်ခေါ်ဖမ်းခိုင်းခြင်း၊ သတင်းပေးပို့ခြင်းနှင့် ရွေးကောက်ပွဲ အတွက်ကူညီပေးနေ​သူဖြစ်ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ဇန်နဝါရီလ ၁၀ ရက်နေ့ ညပိုင်းတွင် သဗြေဇွန်းရွာသို့ သွားသည့် လမ်းပိုင်း တစ်နေရာ၌ အမည်မသိ အမျိုးသား ၂ ဦးကို လက်ပြန်ကြိုးတုပ်လျက် မျက်နှာအဝတ်များ စည်းကား သတ်ဖြတ်ထားသည့် ရုပ်အလောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။

သတ်ဖြတ်ခံရသူ ၂ ဦးသည် မည်သူမည်ဝါဖြစ်သည်ကို အတည်မပြုနိုင်သေးဘဲ မည်သည့် အဖွဲ့အစည်းက သတ်ဖြတ် သွားသည်ကိုလည်း အတည်မပြုနိုင်သေးကြောင်း၊ ယင်း ရုပ်အလောင်း ၂ လောင်းကို ကားတစ်စီးအပေါ်မှ လာရောက် စွန့်ပစ်သွားခဲ့ခြင်းဖြစ်​​ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article