28 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၁၇ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

ဥရောပ၊ အာရှနဲ့ မြောက်အမေရိကတို့ကနိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံက ကုမ္ပဏီတွေဟာ မြန်မာစစ်တပ် လက်နက်တွေ ထုတ်လုပ်နိုင်စေဖို့ ပံ့ပိုးပေးနေတယ်လို့ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ မြန်မာ့အရေး အထူး အကြံပေးကောင်စီ (SAC-M) ရဲ့ မြန်မာစစ်တပ်၏ ပြည်တွင်း လက်နက်ထုတ်လုပ်ရေးနှင့် လက်နက် သယ်ယူ ပို့ဆောင်ရေး တန်ဖိုးကွင်းဆက်များဆိုင်ရာ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။

– စစ်ကိုင်းတိုင်း မုံရွာခရိုင်ထဲ အရာတော်နဲ့ ကသာခရိုင်ထဲ ဗန်းမောက်မြို့နယ်တို့မှာ ပညာရေး၊ ကျန်းမာရေးနဲ့ စိုက်ပျိုးရေး ဌာနတွေက Non CDM ၂၇ ဦးဟာ အမျိုးသားညီညွတ်ရေးအစိုးရဆီကို အလင်းဝင်လာပါတယ်။ Non CDM ၂၇ ဦးဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့အထိ ၃လကျော်ကာလအတွင်းမှာ အလင်းဝင်ရောက်လာတာလည်းဖြစ်ပါတယ်။

– အစ္စရေးနိုင်ငံရဲ့ ထောက်လှမ်းရေးနည်းပညာဝန်ဆောင်မှုကော်ပိုရေးရှင်း Cognyte Software Limited ဟာ မြန်မာ့ စစ်အာဏာရှင်တွေကို စစ်ရာဇဝတ်မှုတွေ ကျူးလွန်နိုင်ဖို့အတွက် နည်းပညာနဲ့ ဆက်စပ်ပစ္စည်းတွေ ကူညီနေတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်တယ်လို့ Justice For Myanmar က ထုတ်ဖော်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article