30 C
Yangon

ကန့်ဘလူမြို့နယ်၊ ယောရွာထိပ်တိုက်ပွဲတွင် စစ်သား ၈ ဦးထက်မနည်းသေဆုံး၊ ဘီးလင်းမြို့နယ်ရှိ ရဲစခန်းနှင့်ထွေအုပ်ရုံးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

ကန့်ဘလူမြို့နယ်၊ ယောရွာထိပ်တိုက်ပွဲတွင် စစ်သား ၈ ဦးထက်မနည်းသေဆုံး၊ ဘီးလင်းမြို့နယ်ရှိ ရဲစခန်းနှင့်ထွေအုပ်ရုံးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁၈

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ယောရွာထိပ်တိုက်ပွဲတွင်အကြမ်းဖက်စစ်သား ၈ ဦးထက်မနည်းသေ ဆုံးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ဇန်နဝါရီလ ၁၇ ရက် မွန်းလွဲ ၁ နာရီခန့်က ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်၊ ညောင် ဇင် လေး(အနောက်)၌ အထိုင် ချတပ်စွဲထားသော အကြမ်းဖက်စစ်သား အင်အား ၂၀ ခန့်ကို ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့များမှ ၆၀ မမ လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြန်လည်ပစ် ခတ်ခြင်းမရှိဘဲ ယောရွာဘက်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ထိုသို့ ပြန်လည် ဆုတ်ခွာစဉ် ဘိုတဲကုန်း ကျေးရွာနှင့် ဆူးပုတ်ကုန်းကျေးရွာကြား မူးဘောင်လမ်း၌ မဟာမိတ် တပ်ဖွဲ့များက မိုင်း ၂ လုံးဆွဲတိုက် ခိုက်ခဲ့ကြောင်း သိရသည်။

“ညောင်ဇင်လေးကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ခွေးတွေကို သွားတိုက်တာ။ ၆၀ မမ လက်နက်ကြီး ၈ လုံးပစ်ခတ်ခဲ့တယ်၊ အဲဒီမှာက စစ်ခွေး တွေက ပြန်လည်ပစ်ခတ်တာမရှိဘဲ ဆုတ်သွားတာ၊ ဘိုတဲကုန်းနဲ့ ဆူးပုတ်ကုန်းရွာကြား၊ မူးဘောင်လမ်းမှာလည်း မဟာမိတ်အဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်၊ အဲဒီ မှာက ခွေးတွေက လက်နက်ကြီး၊ လက်နက် ငယ်တွေနဲ့ ပြန်ပစ်တာရှိတယ်” ဟု ကျွန်းလှ တက်ကြွ လှုပ်ရှား သူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ယမန်နေ့ ,ညနေ ၄ နာရီခန့်အချိန် ယော ရွာ ထိပ်တွင် စစ်တပ်က အင်အား ၆၀ ခန့်ထပ် တိုးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို တိုက်ခိုက် ခဲ့ကြောင်း၊ ထို့ကြောင့် PDF များက Drone ဗုံးသီးတစ်လုံး၊ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ် တိုက်ပွဲ နာရီဝက်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီး ၈ ဦးထက်မနည်းသေဆုံးကာ အ များ အပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Kanbalu Underground Warriors ၊ MPF U.18 ၊ ကန့်ဘလူမြို့နယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ – ပကဖ ၊ မြေပြင်လှုပ်ရှားညီနောင်များနှင့် ကန့်ဘလူမြို့နယ် L-PDF အဖွဲ့များ စုပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင် ခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၅ မိနစ်အချိန် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မြို့လယ်ခေါင်ရှိ ရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးရုံးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုဖြစ်ပွားပြီး ထိခိုက်သေဆုံးမှုတချို့ရှိနိုင်သော်လည်း အတိအကျ မသိရှိရ သေးကြောင်း PDF သတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- ကန့်ဘလူတိုက်ပွဲတွင် သေဆုံးသွားခဲ့သော ပျူစောထီး ၂ ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article