34 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၁၉ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-တော်လှန်ရေးကာလအတွင်း ကြိုတင်ရင်းနှီးမြှုပ်နှံလိုတဲ့ ပြည်တွင်း၊ ပြည်ပကလုပ်ငန်းရှင်တွေအတွက် မိုးကုတ်ရတနာမြေမှာ ကျောက်မျက်တူးဖော်ခွင့်(mining rights)ကို ဆောင်ရွက်သွားမယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။

– အကြမ်းဖက်စစ်ကောင်စီရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ငြင်းဆန်ပြီး လက်မခံဖို့နဲ့ မြေပြင်မှာလည်း ပြင်းထန်စွာဖိအားပေးဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောပါတယ်။

– အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက နိုင်ငံအနှံ့က ပြည်သူ့နေအိမ်တွေကို ဆက်တိုက် လိုက်လံ မီးရှို့ဖျက်ဆီးနေပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ နေအိမ်ပေါင်း တစ်သောင်းနီးပါးကို မီးရှို့ဖျက်ဆီးခဲ့တဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article