38 C
Yangon

ပေါက်၊ ဇီးပြားရဲစခန်းကို တိုက်ခိုက်မှု ရဲတစ်ဦး သေဆုံး၊ ရွှေဘိုတွင် ရွာများကို မီးရှို့နေသော စစ်ကြောင်းကို လက်နက်ကြီးများဖြင့် ပစ် ခတ် တိုက် ခိုက်

Must read

ပေါက်၊ ဇီးပြားရဲစခန်းကို တိုက်ခိုက်မှု ရဲတစ်ဦး သေဆုံး၊ ရွှေဘိုတွင် ရွာများကို မီးရှို့နေသော စစ်ကြောင်းကို လက်နက်ကြီးများဖြင့် ပစ် ခတ် တိုက် ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁၉

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားရဲစခန်းကို ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက် နေ့ တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရဲတစ်ဦးသေဆုံးခဲ့ကြောင်း မြိုင်မြို့နယ် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြား သည်။

ဇန်နဝါရီလ ၁၈ ရက် မွန်းလွဲ ၁ နာရီခန့်က အင်းအား ၄၀ ခန့်ရှိ စစ်တပ် လက် အောက် ခံ ရဲနှင့် ပျူစောထီး များတပ်စွဲထားရာ ဇီးပြားရဲစခန်းကို ပြည်သူ့ ကာ ကွယ် ရေးတပ်ဖွဲ့မျာကေ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နာရီဝက်ခန့်အကြာ အပြန်အလှန်ပစ်ခတ်မှုအတွင်း ရဲတစ်ဦးသေဆုံးကာ ဒဏ်ရာရရှိသူများလည်းရှိ ကြောင်း သိရသည်။

“ဒီနေ့(ဇန်နဝါရီလ ၁၈ ရက်) နေ့လည် ၁ နာရီလောက် ပေါက်မြို့နယ်၊ ဇီးပြား ရဲစခန်း ကို ဝင်တိုက်တာ၊ ရဲခွေးတစ်ကောင်သေတယ်၊ ရဲစခန်းအတွင်းမှာ သေ နတ် ထိမှန်ပြီး သေဆုံးသွားတာကို မြင်ခဲ့ရတယ်၊ စခန်းကိုချဉ်းကပ်နေတုန်း သူတို့ ဘက်က အရင်ဦးစွာ ပစ်ခတ်လို့ ပြန်ပစ်ပြီး ဆုတ်လာခဲ့တာ” ဟု မြိုင် မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

‌ေအဆိုပါတိုက်ခိုက်မှုကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ ပေါက်မြို့ နယ် ပြည်သူ့ ကာကွယ်ရေး တပ် ဖွဲ့နှင့် ဒေသခံမဟာမိတ်တပ်ဖွဲ့များ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် များအားလုံး အထိ အခိုက် မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ကျေးရွာများကို မီးရှို့နေသော အကြမ်း ဖက် စစ်တပ်ကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ် ခတ် တိုက်ခိုက်ခဲ့ကြောင်း နေလစင်္ကြာ-Shwebo PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦး က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေ ၅ နာရီ ၅၃ မိနစ်တွင် ရွှေဘိုမြို့နယ်၊ တရော် တောကျေးရွာကို မီးရှို့ဖျက်ဆီး လုယက်နေသော အကြမ်းဖက် စစ်တပ်မှ စစ် သား များကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင် သေးကြောင်း သိရသည်။

” တာဝေးပစ် လက်နက်ကြီးတွေန​ဲ့ ၂၄ ချက် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပါ တယ်။ စစ်ခွေးတွေ သေဆုံးမှု ရှိမရှိကတော့ အတည်မပြုနိုင်သေးဘူး။ တော်လှန် ရေးကာလ ကြာရှည်လာတာနဲ့ အမျှ စစ်ရေးအရှိန်တွေကလည်း တဖြည်းဖြည်း မြင့်တက်လာတော့ တာဝေးပစ် လက်နက် ထုတ်လုပ်နိုင်ဖို့ ပြည်တွင်း/ပြည်ပ အလှူရှင် များမှ ပါဝင်အားဖြည့်ပေးကြရန် မေတ္တာရပ်ခံအပ်ပါတယ်” ဟု နေလစင်္ကြာ-Shwebo PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို နေလစင်္ကြာ_Shwebo PDFနှင့် Ghost Rider Special Task Force(Burma)အဖွဲ့တို့က ပူးပေါင်း လုပ် ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ဓာတ်ပုံ- ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ဇီးပြားရဲစခန်းကို ဝင်တိုက်ခဲ့ကြ သည့် ပြည်သူ့ကာကွယ်ရေး ရဲဘော်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article